www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 9, 2015

မြန်မာနိုင်ငံတွင် အော်ဂဲနစ် နည်းပညာ အသုံးပြုသော စိုက်ပျိုးရေးလုပ်ငန်း ၂၀၁၄ ခုနှစ် နှစ်ကုန်အထိ ၅၀ ခန့်သာရှိနေသေး



ရန်ကုန် ၊ ၉-၁-၂၀၁၅

မြန်မာနိုင်ငံတွင် အော်ဂဲနစ် နည်းပညာ အသုံးပြုသော စိုက်ပျိုးရေး လုပ်ငန်းမှာ ၂ဝ၁၄ ခုနှစ် နှစ်ကုန်အထိ အရေအတွက် ၅ဝ ခန့်သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံ အော်ဂဲနစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။

အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ငန်းများကို မြန်မာနိုင်ငံ အော်ဂဲနစ် အဖွဲ့ချုပ်မှ စစ်ဆေး စမ်းသပ်ပြီး သတ်မှတ် ထားသော စံချိန်စံညွှန်း များနှင့် ကိုက်ညီမှု ရှိမှသာ တစ်နှစ် သက်တမ်းရှိ အော်ဂဲနစ် စိုက်ပျိုးရေး အသိအမှတ်ပြု လက်မှတ်ကို ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''၂ဝ၁၄ ခုနှစ် အကုန်ထိတော့ Organic Certificate ထုတ်ပေးထားတဲ့ လုပ်ငန်း ၅ဝ လောက်ပဲ ရှိသေးတယ်။ အဲဒီ ၅ဝ မှာ စိုက်ခင်းက ၁၅ ခုလောက်ပဲ ရှိသေးတယ်။ ကျန်တာက စိုက်ပျိုးရေး နဲ့ ဆက်စပ်တဲ့ မွေးမြူရေး တို့၊ စိုက်ပျိုးရေး ဆေးပစ္စည်း တို့အတွက် ထုတ်ပေး ထားတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

''အော်ဂဲနစ် စိုက်ပျိုးရေး ထွက်ကုန် စစ်စစ် ဖြစ်ဖို့က နည်းပညာလည်း လိုတယ်။ ကုန်ကျ စရိတ်လည်း မြင့်မားတယ် ဆိုတော့ လယ်သမားတွေ အနေနဲ့ အော်ဂဲနစ် စိုက်ခင်းတွေ ပြောင်းလဲ လုပ်ကိုင်ဖို့ လက်လှမ်း မမီဘူး ဖြစ်နေတယ်။ အခု Certificate ရထားတဲ့ လုပ်ငန်းတွေက လည်း ငွေကြေး အရင်းအနှီး များများ စိုက်ထုတ်ထား နိုင်သူတွေ များတယ်'' ဟု ဦးနှင်းဦး က ပြောသည်။

လက်ရှိတွင် အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ငန်းများကို ဧရာဝတီတိုင်း ဒေသကြီးတွင် အများဆုံး လုပ်ကိုင်နေပြီး နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် တို့တွင်လည်း အော်ဂဲနစ် စိုက်ပျိုးရေး ဇုန်များ ရှိနေကြောင်း သိရသည်။

အော်ဂဲနစ် စိုက်ပျိုးရေး ထွက်ကုန်များ သည် ဓာတ်မြေသြဇာ အသုံးပြု ထားသည့် သီးနှံထွက်ကုန် များထက် အရွယ်အစား သေးငယ် သော်လည်း ဓာတုပစ္စည်း ကင်းစင် သောကြောင့် ပြည်ပ ဈေးကွက်တွင် ဝယ်လိုအား များသော ထွက်ကုန်များ ဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger