www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 14, 2015

လေကြောင်း ကင်းထောက်မှုအရ ဖမ်းဆီးရမိခဲ့သည့် တရားမ၀င် သစ်ထုတ်လုပ် ရာတွင် အသုံးပြုသော ယာဉ်များ ၊ သစ်တင်ယာဉ်များ မြစ်ကြီးနားမြို့ သို့ရွှေ့ပြောင်း


သိမ်းဆည်းရမိသစ်တင်ယာဉ် များအား တွေ့ရစဉ်

ဝိုင်းမော် ၊ ၁၄-၁-၂၀၁၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး၊ ဒေသတွင်း နိုင်ငံတော်၏ သယံဇာတများ ဖြစ်သည့် အဖိုးတန် သစ်များအား တရားမဝင် ခုတ်ယူပြီး ရောင်းချရန် သစ်တင်ယာဉ်များ စုစည်းပြင်ဆင် ထားရှိမှု များအား လေကြောင်း ကင်းထောက်မှု အရ သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများ က ဇန်နဝါရီ ၂ ရက်မှ ၁၁ ရက်အထိ နယ်မြေ ရှင်းလင်း ဆောင်ရွက်ချိန်တွင် ဖမ်းဆီးရမိ ခဲ့သည့် လုပ်ဒါ/ ဘက်ဟိုးယာဉ် ကိုးစီး၊ ပါဂျဲရိုး လေးစီး၊ ပီကင်းဂျစ် လေးစီး၊ ဝန်ဆွဲယာဉ် လေးစီး၊ နှစ်ခန်းတွဲယာဉ် နှစ်စီး၊ သစ်တင်ယာဉ် အမျိုးအစား မျိုးစုံ ၄၅၅ စီး၊ တုန်ဖုန်း/ ဒေါင်ဖန်း ယာဉ် လေးစီး၊ ကရိန်း ငါးစီး၊ မြေသယ်ယာဉ် ခြောက်စီး၊ စုစုပေါင်း ၄၉၃ စီးနှင့် ဆိုင်ကယ် ကိုးစီး တို့အား တပ်မတော်မှ ယာဉ်မောင်းများ၊ ယန္တရားမောင်း များနှင့် စက်ပြင် စစ်သည်များ က မြစ်ကြီးနားမြို့ သို့ ရွှေ့ပြောင်း ခြင်းများ ဆောင်ရွက် ကြသည်။

ထိုသို့ ဖမ်းဆီးရမိ ယာဉ်များ ရွှေ့ပြောင်းခြင်းကို ဇန်နဝါရီလ ၇ ရက်မှ စတင် ပြောင်းရွှေ့ခဲ့ပြီး ယနေ့အထိ ၁ဝ ဘီးယာဉ် ၁၉၂ စီး၊ ခြောက်ဘီးယာဉ် လေးစီး၊ ဝန်ဆွဲယာဉ် သုံးစီး၊ ပါဂျဲရိုး နှစ်စီး၊ ပီကင်းဂျစ် နှစ်စီး၊ နှစ်ခန်းတွဲယာဉ် တစ်စီး၊ လုပ်ဒါယာဉ် တစ်စီး၊ ကရိန်းနှစ်စီး စုစုပေါင်း ၂ဝ၇ စီးနှင့် ဆိုင်ကယ် ငါးစီးတို့အား ရွှေ့ပြောင်း ခြင်းများ ဆောင်ရွက်နိုင် ခဲ့ပြီး ရွှေ့ပြောင်းရန် ကျန်ရှိနေသော ဖမ်းဆီးရမိ ယာဉ်များအား ဆက်လက် ရွှေ့ပြောင်း နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် ယာဉ်များနှင့် အတူ ဖမ်းဆီးရမိ သော စိတ်ကြွ ဆေးပြားများ၊ ဘိန်းမည်း ခြောက်ထုပ်၊ ဘိန်းစိမ်း ၂ဝ ကျပ်သား၊ တရုတ်ယွမ်ငွေ ၁၂ဝဝဝ နှင့် မြန်မာ နိုင်ငံသား ၁၉ ဦး၊ တစ်ဖက် နိုင်ငံသား ၁၂၅ ဦးတို့အား ဆဒုံးမြို့နယ် နှင့် ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့များသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ပြီး ကျန်ရှိသည့် တစ်ဖက် နိုင်ငံသား ခုနစ်ဦးအား ဆက်လက် လွှဲပြောင်း အပ်နှံနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)




#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger