www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 14, 2014

CNN သတင်းဌာန၏ ကမ္ဘာပေါ်ရှိ ကြည်ညိုဖွယ် ဘာသာရေးဆိုင်ရာ ရုပ်ပွားတော် ၁၀ ဆူတွင် မုံရွာမြို့အနီးရှိ လေးကျွန်းစကြာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် ပါဝင်


လေးကျွန်းစကြာ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကို ဖူးတွေ့ရစဉ်

ရန်ကုန် ၊ ၁၄-၁၂-၂၀၁၄

CNN သတင်းဌာနမှ မကြာမီက ကမ္ဘာ တစ်ဝန်းလုံး၌ ရှိသော ကြည်ညိုဖွယ် ဘာသာရေးဆိုင်ရာ ရုပ်ပွားတော် ၁ဝ ဆူကို ရွေးချယ်ခဲ့ရာ မုံရွာမြို့ အနီးရှိ ဗောဓိတစ်ထောင် ဆရာတော် ဘုရားကြီး တည်ထား ခဲ့သော လေးကျွန်းစကြာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် ကို ထည့်သွင်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

CNN သတင်းဌာနက ကမ္ဘာတစ်ဝန်း၌ တည်ထားသော ဘာသာရေးဆိုင်ရာ ရုပ်ပွားတော် ၁ဝ ဆူကို ရွေးချယ်ခဲ့ရာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မှ ခရစ်တော် ရုပ်တု အပါအဝင် တရုတ်၊ မလေးရှား၊ ဟောင်ကောင်၊ ဘိုလီဗီးယား၊ ဘူတန် နှင့် ဂျပန် စသည့်နိုင်ငံ တို့မှ ဗုဒ္ဓရုပ်ပွားတော် နှင့် ခရစ်တော် ရုပ်ပွားတော် များကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေးကျွန်းစကြာ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်သည် ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ ရုပ်ပွားတော် တစ်ဆူဖြစ်ပြီး ၁၁၆ မီတာ (ပေ ၃၈ဝ) မြင့်မားသည်။ လေးကျွန်းစကြာ ရပ်တော်မူ ဗုဒ္ဓ ရုပ်ပွားတော်ကို ဗောဓိတစ်ထောင် ဆရာတော် ဘုရားကြီးက မုံရွာမြို့ ဗောဓိတစ်ထောင် သာသနာ့ နယ်မြေရှိ ခတ္တကန်ရွာ အနီး၌ ၁၉၉၆ ခုနှစ်တွင် စတင် တည်ထားခဲ့ပြီး၂ဝဝ၈ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger