www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 14, 2014

မြန်မာအမျိုးသား လေကြောင်းလိုင်းတွင် ပထမဆုံး အွန်လိုင်းမှ လေယာဉ်လက်မှတ် ရောင်းချခြင်းလုပ်ငန်းကို စတင်ဝန်ဆောင်မှုပေး



ရန်ကုန် ၊ ၁၄-၁၂-၂၀၁၄

ယခင် မြန်မာ့ လေကြောင်းလိုင်း မှ အမည်ပြောင်းလဲ ပြေးဆွဲနေသည့် မြန်မာ အမျိုးသား လေကြောင်းလိုင်း အနေဖြင့် လေယာဉ် လက်မှတ် ရောင်းချသည့် လုပ်ငန်းပုံစံ များကို ပြောင်းလဲကာ အွန်လိုင်းမှ တစ်ဆင့်ဝယ်ယူ နိုင်ရန် စီစဉ် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

မြန်မာအမျိုးသား လေကြောင်းလိုင်း (ယခင် မြန်မာ့လေကြောင်း) သည် ၆၆ နှစ်တာ ကာလအတွင်း အပြောင်းအလဲ များကို စတင် အကောင်အထည် ဖော်ဆောင် နေခြင်းဖြစ်ပြီး ပထမဆုံးသော အပြောင်းအလဲ အဖြစ် အွန်လိုင်းမှ လေယာဉ် လက်မှတ် ရောင်းချခြင်းကို ဝန်ဆောင်မှု ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း မှ စတင်ရောင်းချ ပေးနေသည့် အွန်လိုင်းမှ တစ်ဆင့် လေယာဉ် လက်မှတ် ဝယ်ယူမည် ဆိုပါက အင်တာနက် ရရှိသည့် Device မျိုးစုံမှ တစ်ဆင့် လေယာဉ် လက်မှတ်များကို ဝယ်ယူနိုင်မည် ဖြစ်ပြီး လေယာဉ် လက်မှတ် အတွက် ကျသင့်ငွေကို နိုင်ငံတကာသုံး ငွေပေးချေကတ် များမှ တစ်ဆင့် ပေးချေ နိုင်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း မှ သိရသည်။

လက်ရှိ အချိန်တွင် အဆိုပါ လေကြောင်းလိုင်း အနေဖြင့် ပြည်တွင်းရှိ မြို့ပေါင်း ၂၆ မြို့သို့ လေယာဉ် ၁ဝ စင်းဖြင့် ခရီးစဉ် ပျံသန်းခြင်း ဝန်ဆောင်မှု ပေးလျက် ရှိသည်။

ဒီဇင်ဘာ ၅ ရက်တွင် ပြဋ္ဌာန်း လိုက်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း ဥပဒေ အရ စီးပွားရေး ဆန်ဆန် Corporatization အသွင်သို့ ပြောင်းလဲ သွားမည်ဖြစ်ပြီး နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများ ပါဝင်လာ စေရန် လုပ်ဆောင် သွားမည့်နည်းတူ အာဆီယံ ဒေသတွင်းရှိ စတော့ဈေးကွက် များတွင်လည်း မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် ရှယ်ယာ ရောင်းချခြင်း လုပ်ငန်းများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် အွန်လိုင်း ဝန်ဆောင်မှုဖြင့် ရောင်းချပေး နေသည့် လေယာဉ် လက်မှတ်များကို လတ်တလော ကာလ၌ နိုင်ငံခြားသားများ အနေဖြင့် ငွေပေးချေ ရာတွင် လွယ်ကူစေရန်
နိုင်ငံတကာသုံး ငွေပေးချေ သည့် ကတ်များဖြင့် လုပ်ဆောင် ထားသော်လည်း နောက်ပိုင်း ကာလများတွင် ပြည်တွင်းရှိ အသုံးပြု နေသည့် Myanmar Payment Union ကတ်များနှင့်အတူ ငွေပေးချေခြင်း ပြုလုပ်နိုင်ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် လေယာဉ်လက်မှတ် များနှင့် ခရီးစဉ်အတွက် အွန်လိုင်းမှ တစ်ဆင့် ထိုင်ခုံ ရွေးချယ်ခြင်း များကို စတင်ပြုလုပ် ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှု ပေးအပ်ခဲ့သည့် အပြင် လေဆိပ်၌ Check-in ပြုလုပ်ခြင်း ကိုလည်း နည်းပညာသစ် များ အစားထိုး၍ ရန်ကုန် အပြည်ပြည် လေဆိပ်၌ အသုံးပြု ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း ၏ ဝက်ဘ်ဆိုက် စာမျက်နှာ ဖြစ်သည့် www.flymna.com ၌ လေယာဉ် လက်မှတ်များ ကြိုတင် ဝယ်ယူနိုင်ခြင်း နှင့် လေယာဉ်ခရီး စဉ် အတွက် ထိုင်ခုံ လက်မှတ်များ ရွေးချယ်နိုင်ခြင်း တို့ကို အဆိုပါ ဝက်ဘ်ဆိုက်၌ ပြုလုပ် ဆောင်ရွက် နိုင်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger