www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 18, 2014

ရတနာပုံတက္ကသိုလ် တွင် စာကြည့်တိုက် အသုံးပြုသူ အရေအတွက် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၌ တက္ကသိုလ်တစ်ခုလုံး ၏ ၁၀ ရာခိုင်နှုန်းသာရှိ


ရတနာပုံ တက္ကသိုလ်တွင် စာကြည့်တိုက်

မန္တလေး ၊ ၁၈-၁၂-၂၀၁၄

တက္ကသိုလ် စာကြည့်တိုက် များကို တက္ကသိုလ်များ၏ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများ တိုးတက် အောင်မြင်ရေး အတွက် အထောက် အကူပြုရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ထားသည်ဟု သိရသည်။

တက္ကသိုလ် ပညာ သင်ကြားရေး စနစ်နှင့် သုတေသန ဆောင်ရွက်မှု၊ ဖွံ့ဖြိုး တိုးတက်မှု ရှိ၊ မရှိဆိုသော အချက်ကို တက္ကသိုလ် များတွင် ဖွင့်လှစ်ထားသော တက္ကသိုလ် စာကြည့်တိုက်ကို လာရောက် အသုံးပြုသော အရေအတွက် နှင့် တိုင်းတာ နိုင်သည်။

ရတနာပုံ တက္ကသိုလ်တွင် ဖွင့်လှစ်ထားသော စာကြည့်တိုက်တွင် အသုံးပြု နေသည့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်း အရေအတွက်မှာ လွန်စွာ နည်းပါး နေသေးကြောင်း၊ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေးနှစ် ဖြစ်သည့် ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်အတွင်း ရတနာပုံ တက္ကသိုလ် စာကြည့်တိုက် (ပုံ) သို့ အသင်းဝင်မှုမှာ ဆရာ၊ ဆရာမ ၇၈ ဦး၊ကျောင်းသား၊ ကျောင်းသူ ၁၆၈၈ ဦးနှင့် ဝန်ထမ်း ၁၆ ဦးရှိသဖြင့် တက္ကသိုလ် တစ်ခုလုံး၏ ၁ဝ ရာခိုင်နှုန်း ခန့်သာရှိကြောင်း၊ လာရောက် အသုံးပြုသူများက ဘာသာရပ်ဆိုင်ရာ စာပေများထက် အပျော်ဖတ် စာအုပ်များကို ငှားရမ်း နေကြောင်း၊ တက္ကသိုလ် ပညာရေး၏ အဓိက အသက်သွေးကြော သဖွယ် ဖြစ်သည့် စာကြည့်တိုက်ကို အသုံးပြုမှု နည်းပါး နေခြင်းမှာ အဆင့်မြင့် ပညာရေး စနစ်၏ မအောင်မြင်မှု ပုံရိပ်တစ်ခုသာ ဖြစ်ကြောင်း၊ တက္ကသိုလ် စာကြည့်တိုက်တွင် အသုံးပြုသူ များ၏ အရည်အချင်း တိုးတက်မှုနှင့် အရေအတွက် များပြားမှုသည် သင်ကြားရေး စနစ်၊ ဆရာ၊ ဆရာမနှင့် စာကြည့်တိုက်မှူး တို့၏ နှိုးဆော်မှု များကလည်း အရေးပါကြောင်း တက္ကသိုလ် ဆရာတစ်ဦး က ပြောပြ၍ သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger