www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 24, 2014

ကယားပြည်နယ် အတွင်း တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်



နေပြည်တော် ၊ ၂၄-၁၂-၂၀၁၄

ကယားပြည်နယ်တွင် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် လွိုင်ကော်မြို့နှင့် နန်းဖဲကျေးရွာ တို့တွင် ဖြန့်ခွဲ အခြေပြု၍ လွိုင်လင်လေး ကျေးရွာ၊ ခါးပယ်ကျေးရွာ၊ ဆီဘူးကျေးရွာ နှင့် ခဲမဖြူ ကျေးရွာ များသို့ အဖွဲ့ငယ်များ ခွဲကာ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်တွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၃၁၉ ဦး၊ ခွဲစိတ်ရောဂါ ၅၂ ဦး၊ ကလေးရောဂါ ၁၇၄ ဦး၊ သားဖွားမီးယပ် ရောဂါ ၁၉ ဦး၊ အရိုးရောဂါ ၁၂၂ ဦး၊ နား နှာခေါင်း လည်ချောင်း ရောဂါ ၃၂ ဦး၊ မျက်စိရောဂါ ၆၈ ဦးနှင့် သွားရောဂါ ၅၄ ဦး၊ စုစုပေါင်း ၈၄ဝ ဦးတို့အား လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာ ၃ဝ ဦးကို လွိုင်ကော်မြို့ရှိ တပ်မတော် ဆေးရုံသို့ လွှဲပြောင်း ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ အနေဖြင့် ဒီဇင်ဘာ ၁၇ ရက်မှစ၍ ကယားပြည်နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ ဒေသခံ တိုင်းရင်းသား ပြည်သူ ၃၇၈၉ ဦးအား လိုအပ်သော ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger