www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 24, 2014

ဘိန်းခင်း ၆၄ ဧကအား စုပေါင်း ဖျက်ဆီး



နေပြည်တော် ၊ ၂၄-၁၂-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် အတွင်းရှိ ပန်တန်ကျေးရွာ အုပ်စု၊ ဝမ်တောက် ကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ အမြင့် ၁ ပေခွဲခန့်ရှိ ဘိန်းခင်း ၅ ဧကခန့် အား လည်းကောင်း၊ နမ့်ကတ်ကျေးရွာ အနီး တစ်ဝိုက်ရှိ ဘိန်းခင်း ၄ ဧက အား လည်းကောင်း၊ ပန်တန်ကျေးရွာ အနီးတစ်ဝိုက် ရှိ ဘိန်းခင်း ၇ ဧကခန့်အား လည်းကောင်း၊ ဝမ်ကတ်ကျေးရွာ အနီးတစ်ဝိုက် ရှိ ဘိန်းခင်း ၅  ဧကခန့်အား လည်းကောင်း၊ မိုင်းကိုင်မြို့နယ် အတွင်းရှိ ကုန်းလုံးကျေးရွာ အုပ်စု ဆိုက်ခေါင်ကျေးရွာ အနီးတစ်ဝိုက် ရှိ ဘိန်းခင်း ၁၈ ဧက ခန့်အားလည်းကောင်း၊ ကုန်းလုံးကျေးရွာ အုပ်စု၊ ကောင်းဖယ်ရွာ အနီးတစ်ဝိုက် ရှိ ဘိန်းခင်း ၂၅ ဧကခန့်၊ စုစုပေါင်း ၆၄ ဧကခန့် အား လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဒီဇင်ဘာ ၁၉ ရက်တွင် သွားရောက် ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger