www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 19, 2014

အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးသည့် မြို့ကြီးများဆု ကို ရန်ကုန်မြို့တော် က ရရှိ


ရန်ကုန် ၊ ၁၉-၁၁-၂၀၁၄

တတိယ အကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ရေရှည်ဖွံ့ဖြိုး သည့် မြို့ကြီးများဆု ( The 3rd ASEAN ESC Award ) ဆုကို ရန်ကုန်မြို့တော် က ရရှိထားသည့်ဆု ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က လွှဲပြောင်းရယူ ခဲ့ကြောင်း သိရသည်။

အဆိုပါဆုကို ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက လာအိုနိုင်ငံ၊ ဗီယမ်ကျင်းမြို့ တွင် ကျင်းပပြုလုပ်သည့် အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး တွင် မြန်မာနိုင်ငံက ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် က ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကိုယ်စား လက်ခံရယူခဲ့ပြီး ယခုအခါ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်မြို့တော် က ရရှိခဲ့သည့် တတိယ အကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ရေရှည် ဖွံ့ဖြိုးသည့် မြို့ကြီးများဆု ( The 3rd ASEAN ESC Award ) ဆုကို အာဆီယံနိုင်ငံများ အတွင်း လေထု၊ ရေထု၊ မြေထု သန့်ရှင်းရေး ဆိုင်ရာ ဆောင်ရွက်ချက်တို့ အပေါ် အခြေခံ၍ မြို့အချင်းချင်း ယှဉ်ပြိုင်စေပြီး အသန့်ရှင်းဆုံး မြို့အဖြစ် ဆုချီးမြှင့်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှ လက်ထောက် ဌာနမှူး ဒေါက်တာ အောင်မြင့်မော် က ပြောပြသည်။

တတိယ အကြိမ်မြောက် ASEAN ESC Award အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု တင်သွင်းမည့် မြို့အမည် ရွေးချယ်နိုင်ရန် လျာထားခဲ့သည့် နေပြည်တော်၊ ရန်ကုန်၊ ပုသိမ်၊ မုံရွာ နှင့် မော်လမြိုင် (၅)မြို့တို့ အနက် ရန်ကုန်မြို့ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ၂ဝ၁၄ ခုနှစ်မေလ က ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် (၁၂)ကြိမ်မြောက် အစည်းအဝေးမှ ရန်ကုန်မြို့ကို ဆုချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာ အဆိုပါဆုကို ၂ဝဝ၈ ခုနှစ်မှ စတင်ပြီး (၃)နှစ် တစ်ကြိမ် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝဝ၈ ခုနှစ်တွင် တောင်ကြီးမြို့၊ ၂ဝ၁၁ ခုနှစ်တွင် ပြင်ဦးလွင်မြို့ တို့က နှစ်သိမ့်ဆု ရရှိ ခဲ့ဖူးကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger