ရန်ကုန် ၊ ၁၃-၁၁-၂၀၁၄
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသော ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး ရှိ တိုးဂိတ်များ၌ မြန်မာနိုင်ငံ၏ ပထမဆုံး အီလက်ထရွန်နစ် ငွေကြေး ကောက်ခံမှုစနစ် (Electronic Toll Collection) ကို တပ်ဆင် အသုံးပြုမည် ဖြစ်ရာ အီလက်ထရွန်နစ် လုပ်ငန်း ကုမ္ပဏီရှစ်ခုမှ အဆိုပြု ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။
အဆိုပါ ကုမ္ပဏီရှစ်ခုမှာ B Smart Telematics Myanmar Co.,Ltd. ၊ Myanmar Computer Co., Ltd.၊ Velox Entertrise of Technology Co., Ltd. ၊ K@K World Engineering And Security Co., Ltd.၊ United Eleven Co.,Ltd.၊ မြပန်းဝါ ကုမ္ပဏီ လီမိတက်၊ ပြည့်စုံဟိန်း ကုမ္ပဏီ လီမိတက် နှင့် နောင်ရိုး နည်းပညာ ကုမ္ပဏီလီမိတက် တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ အီလက်ထရွန်နစ် ငွေကြေး ကောက်ခံမှုစနစ် (Electronic Toll Collection) ကို တပ်ဆင် အသုံးပြုရန် စိတ်ပါ ဝင်စားသော ကုမ္ပဏီများကို အင်ဂျင်နီယာ မှူးကြီးရုံး ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့သို့ အောက်တိုဘာလ အတွင်းက အဆိုပြုလွှာများ တင်သွင်းနိုင် ပါရန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်း၊ ပြည်ပ ခွဲခြား မထားဘဲ အကောင်းဆုံး စနစ်ကို အသုံးပြု နိုင်မည့် ကုမ္ပဏီ လုပ်ကိုင်သူ တို့ကို ရွေးချယ်မည် ဖြစ်သည်။
အမြန်လမ်းမကြီး တစ်လျှောက်၌ အဓိက တိုးဂိတ်ကြီး ခြောက်ခုရှိပြီး တိုးဂိတ်ငယ် များလည်းရှိကြောင်း၊ လက်ရှိ အသုံးပြုသည့် စနစ်မှာ ငွေသားပေးချေမှု စနစ်ဖြစ်ပြီး အီလက်ထရွန်နစ် စနစ် ပြောင်းလဲ အသုံးပြုပါက မော်တော်ယာဉ် များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန် မလိုတော့ခြင်း နှင့် ငွေကြေး ကိုင်တွယ် အသုံးပြုရန် မလိုအပ်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဇာညီသစ္စာ
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment