www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 13, 2014

တရုတ်သို့ ဆန်တင်ပို့လျှင် ထုပ်ပိုးသည့်အိတ်၌ ဆန်အမျိုးအစား နှင့် ကုမ္ပဏီလိပ်စာ ကို မြန်မာ - တရုတ် နှစ်ဘာသာဖြင့် ဖော်ပြရမည်


ရန်ကုန် ၊ ၁၃-၁၁-၂၀၁၄

တရုတ်နိုင်ငံသို့ မြန်မာ့ဆန် တင်ပို့ပါက ဆန်ထုပ်ပိုး ရာတွင် အိတ်အသစ်ကို အသုံးပြုရမည် ဖြစ်ကာ ဆန်ထုပ်ပိုးသည့် သေတ္တာနှင့် အိတ်များတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဟူသော အမှတ်အသား နှင့် ဆန်အုပ်စု၊ ကြိတ်ခွဲသည့် စက်ရုံ၊ တင်ပို့သူ အမည် လုပ်ငန်း မှတ်ပုံတင် နှင့် ကုမ္ပဏီ လိပ်စာများ ကို မြန်မာ- တရုတ် နှစ်ဘာသာဖြင့် ဖော်ပြရမည် ဖြစ်ကြောင်း သိရသည်။

တရုတ်သို့ မြန်မာ့ဆန် တရားမဝင် တင်ပို့မှုကို တရုတ်ဘက်မှ ပိတ်ပင်၍ အရေးယူမှုများ ပြုလုပ်မည် ဖြစ်သောကြောင့် တရုတ်သို့ မြန်မာ့ဆန် တင်ပို့မှုများ ရပ်ဆိုင်း ထားကာ တရားဝင် တင်ပို့နိုင်ရန် မြန်မာဘက်မှ ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် အမြန်ဆုံး ပြင်ဆင် ဆောင်ရွက် နေကြောင်း သိရသည်။

''အဓိက ကတော့ တရုတ် ဈေးကွက်ကို မြန်မြန် ရောင်းနိုင်ဖို့ ပြင်ဆင် နေတယ်။ ဖြစ်နိုင်ရင် ဒီဇင်ဘာလ လောက်မှာ ရောက်နိုင်ဖို့ ကြိုးစားနေတယ်။ တရုတ် ကလည်း လက်ခံ သဘောတူတယ်။ ကုမ္ပဏီ လိပ်စာ ရေးထိုးနိုင်ဖို့ ကိုလည်း ဒီတစ်လ၊ နှစ်လအတွင်း မှာ လုပ်ဆောင် သွားမှာပါ'' ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောသည်။

ဆန်ကို အမြန်ဆုံး တင်ပို့နိုင်ရန် ဆောင်ရွက်လျက် ရှိပြီး လိုအပ်နေသော အရည်အသွေး ပိုင်း ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ စပါး ရိတ်သိမ်းမှု အပိုင်းများ၊ သိုလှောင်မှု အပိုင်းများ နှင့် ပိုးမွှား ကင်းစင်မှု စသည့် အပိုင်းများကို စနစ်တကျ ပြုလုပ် နေသော်လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ အပြင် အခြား ဥရောပနိုင်ငံ များရှိ ဈေးကွက် အထိပါ ဆန်တင်ပို့ နိုင်ရန် စီစဉ် သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger