www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 5, 2014

ကမ္ဘာကျော် အပျော်စီး သင်္ဘောလိုင်းများမှ မြန်မာသင်္ဘောသား များကို အလုပ်ခေါ်ယူမှုများပြား


ရန်ကုန် ၊ ၅-၁၀-၂၀၁၄

ကမ္ဘာကျော် အပျော်စီး သင်္ဘောလိုင်းများ ဖြစ်ကြသည့် Star Cruise နှင့် Sun Cruise သင်္ဘောလိုင်း များသည် မြန်မာ သင်္ဘောသား များကို အခြေခံလစာ ကောင်းကောင်း ပေးကာ အလုပ် ခေါ်ယူမှု များပြား လာကြောင်း ပြည်တွင်းရှိ သင်္ဘောလိုင်း အေဂျင်စီ များထံမှ သိရသည်။

" အခု ခေါ်တဲ့ အပျော်စီး သင်္ဘောလိုင်း နှစ်လိုင်းလုံးက ကမ္ဘာပေါ်မှာ ထိပ်ဆုံး အဆင့်ရှိတဲ့ စင်ကာပူ နိုင်ငံရဲ့ အပျော်စီး သင်္ဘောလိုင်း တွေပါ ၊ ဒီလိုင်းတွေ ကနေ မြန်မာ သင်္ဘောသား တွေကို ခေါ်ယူ အသုံးပြုတယ် ဆိုတာ မြန်မာ သင်္ဘောသား တွေအတွက် အခွင့်အရေး တစ်ခု ရတာပဲ ၊ ဒီ အခွင့်အရေး ကို အသုံးချပြီး မြန်မာ သင်္ဘောသား တွေက သူတို့ သင်္ဘောတွေ ပေါ်မှာ အလုပ်ကို ကြိုးစား လုပ်ပြ ရမှာပါ ... " ဟု ၀ါရင့် သင်္ဘော ကပ္ပတိန် တစ်ဦးဖြစ်သူ ဦးထွန်းကြည် က ပြောသည်။

Star Cruise နှင့် Sun Cruise အပျော်စီး သင်္ဘောလိုင်း များမှာ မြန်မာ သင်္ဘောသား များကို ခေါ်ယူရသည့် အဓိက အကြောင်းရင်းမှာ မြန်မာ သင်္ဘောသား များမှာ အင်္ဂလိပ် စကား အပြောအဆို အရည်အသွေး တိုးတက် လာသည့်အပြင် သင်္ဘောသား အလုပ်ကို ကျွမ်းကျင်စွာ တတ်မြောက် လာခြင်း တို့ကြောင့် မြန်မာ သင်္ဘောသား များကို ခေါ်ယူခြင်း ဖြစ်သည်။ အဆိုပါ သင်္ဘောလိုင်း နှစ်ခုလုံးမှာ မြန်မာ သင်္ဘောသား များကို ခေါ်ယူရာတွင် အခြေခံလစာ အနေဖြင့် အမေရိကန် ဒေါ်လာ ၅၀၀ မှ အမြင့်ဆုံး လစာငွေ အဖြစ် အမေရိကန် ဒေါ်လာ ၁၅၀၀ အထိ ပေးကြောင်းလည်း သိရသည်။

မြန်မာ သင်္ဘောသား များသည် အဆိုပါ သင်္ဘောလိုင်း နှစ်ခုတွင် သင်္ဘောလုပ်ငန်း အပြင် ဟိုတယ် လုပ်ငန်း များကိုပါ သွားရောက် လုပ်ကိုင် ကြခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ သင်္ဘောသား များသည် အလုပ် သွားရောက် လုပ်ကိုင်ရာတွင် နှစ်နှစ် သက်တမ်းရှိ စာချုပ်ဖြင့် သွားရောက် အလုပ်လုပ် ကိုင်ရသည်။ လက်ရှိ အချိန်တွင် Star Cruise နှင့် Sun Cruise သင်္ဘောလိုင်း များ၏ သင်္ဘောများ ပေါ်တါင် သွားရောက် လုပ်ကိုင်သည့် မြန်မာ သင်္ဘောသား ဦးရေမှာ ရာနှင့်ချီ ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

မင်းသော်တာလွင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger