www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 18, 2014

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နှင့် အင်အားကြီးလေးရပ် ညီညွတ်ရေး


နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နှင့် အင်အားကြီးလေးရပ် ညီညွတ်ရေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ပြည်သူတို့၏ ဆန္ဒဖြစ်သော တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေးကို တစိုက် မတ်မတ် ဆောင်ရွက် ရာတွင် နိုင်ငံရေး လွတ်လပ်မှုကို အာမခံ နိုင်သော မူဘောင် များဖြင့် ဆောင်ရွက်ခြင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း များဖွံ့ဖြိုးရေး ကို အတတ်နိုင်ဆုံး ပံ့ပိုးပေးခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ဖြင့် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားရေးကို ပျိုးထောင် ပေးလျက် ရှိသည်။

ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားရေး အတွက် အသွင် ကူးပြောင်းရေး ကာလတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အပြန်အလှန် ထိန်းကျောင်းမှု ရှိသော အုပ်ချုပ်ရေး စနစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုရေး အဖွဲ့များနှင့် ပြည်ထောင်စုကြီး တစ်ခုလုံးနှင့် သက်ဆိုင်သော ဥပဒေပြုရေး အဖွဲ့များ၊ အလားတူ တရား စီရင်ရေး အဖွဲ့များ၊ နိုင်ငံရေး ပါတီများ နှင့် စာနယ်ဇင်း လွတ်လပ်ခွင့် စသည့် ဒီမိုကရေစီ နှင့် လိုက်လျော ညီထွေ ရှိသည့် အဖွဲ့အစည်း များရှိရန် လိုအပ်သည်။

မျက်မှောက် ကာလ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားရေးမှာ နိုင်ငံရေး အင်အားစုများ အချင်းချင်း အပြန်အလှန် နားလည်မှု နှင့် ယုံကြည်မှု ရှိကြရန် လိုအပ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် ပြည်သူများ ပါဝင် ကြခြင်းဖြင့် နိုင်ငံရေး တိုးတက်မှုကို ဖော်ဆောင်၍ နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် နိုင်ငံတကာ အဖွဲ့အစည်း များ၏ ယုံကြည်မှု နှင့် ထောက်ခံမှုများ ရရှိရေးတို့ အတွက် နိုင်ငံတော် အစိုးရက ဆောင်ရွက် နိုင်ခဲ့သဖြင့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယ ဥက္ကဋ္ဌ တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ နိုင်ငံတကာ ဆက်ဆံရေးရာ ဌာနဝန်ကြီး မစ္စတာ ဝမ်ကျားလွေ့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား စက်တင်ဘာ ၁၂ ရက်တွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ရေရှည် တည်တံ့ ခိုင်မြဲရေး နှင့် ဆက်လက် ထိန်းသိမ်း စောင့်ရှောက် သွားရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက် နေမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျှော့ချရေး အတွက် ဆောင်ရွက် နေမှုများ၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေ များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။

ယနေ့ အချိန်တွင် နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်များမှ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များ ဖွံ့ဖြိုးရေး ဆောင်ရွက် ရာတွင် လူသား အရင်းအမြစ်၊ နည်းပညာ နှင့် အရင်းအနှီးများ လိုအပ်ချက် မြင့်မားနေ ခြင်းကြောင့် စိန်ခေါ်မှုများ၊ အဟန့်အတား များနှင့် ကြုံတွေ့ နေကြရ သော်လည်း နိုင်ငံတော် အစိုးရသည် ပြည်သူ၊ လွှတ်တော်၊ အစိုးရနှင့် တပ်မတော် ဟူသော အင်အားကြီး လေးရပ်တို့၏ တစ်စိတ် တစ်ဝမ်း တည်းသော ညီညွတ်မှုဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ကို မမှိတ်မသုန် ဆောင်ရွက် သွားမည် ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ ချောမွေ့ ပြေပြစ်စွာ အောင်မြင်ရေး အတွက် ပြည်သူ တစ်ရပ်လုံးက နိုးကြား တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြ ပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger