www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 18, 2014

ပလောက်မြို့ ပြည်ခြားချောင်းရေ မြင့်တက်မှု ဖြစ်ပွား


ပလောက်မြို့နယ်ခွဲအတွင်း ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် ရေကျော်နေ၍ တပ်မတော်သားများက ယာဉ်များ သွားလာနိုင်ရန် ကူညီ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၁၈-၉-၂၀၁၄

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလောက် မြို့နယ်ခွဲရှိ ပြည်ခြားချောင်း ရေသည် ယမန်နေ့ နံနက်ပိုင်းတွင် တောင်ကျရေများ စီးဆင်း လာသဖြင့် ရေမြင့်တက် လာခဲ့ပြီး ပြည်ခြား ကျေးရွာ အတွင်းသို့ ရေဝင်ရောက်ခြင်း နှင့် ပြည်ထောင် စု ကားလမ်းမကြီး ပေါ်တွင် အရှည် ၄ ဖာလုံခန့်၊ အနက် ၃ ပေခန့် ရေကျော် ဖုံးလွှမ်းခြင်းများ ဖြစ်ပေါ် ခဲ့သည်။

အဆိုပါ ရေဝင်ရောက် မှုကြောင့် ပြည်ခြား ကျေးရွာရှိ အိမ်ထောင်စု ၁၂ဝ စု၊ လူဦးရေ ၆ဝဝ ဦးခန့်အား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သား များက ရေဘေး လွတ်ရာသို့ ကူညီ သယ်ယူရွှေ့ပြောင်း ပေးခြင်း၊ ပြည်ထောင်စု ကားလမ်းမပေါ်ရှိ ခရီးသွား ယာဉ်များ ပြန်လည် သွားလာနိုင်ရန် ကူညီပေးခြင်း များ ဆောင်ရွက် ပေးပြီး ရေဘေး သင့် ပြည်သူများ အတွက် ဆန် ၁၂ အိတ်၊ ဆီ ၂၅ ပိဿာနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger