www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 18, 2014

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ သင်ကြားရေး အထောက်အကူပြု ဝက်ဘ်ဆိုက်တစ်ခု၌ လေ့လာသင်ယူနိုင်မည်



ရန်ကုန် ၊ ၁၈-၉-၂၀၁၄

ရန်ကုန်မြို့လယ် တွင်ရှိသော အခြေခံ ပညာ အထက်တန်းကျောင်း များ၌ ပညာသင်ကြား နေသော တက္ကသိုလ် ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် သင်ကြားရေး အထောက်အကူပြု ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော http://www.mmcloudschooling.com ကို သင်ကြား နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝက်ဘ်ဆိုက်ကို နှစ်လကြာ အခမဲ့ အသုံးပြု နိုင်မည်ဖြစ်ပြီး Activate Code နံပါတ်များ ပါဝင်သော Member ကတ်တစ်သောင်း ကို စက်တင်ဘာ လကုန်တွင် ရန်ကုန်မြို့လယ် တွင်ရှိသော အခြေခံပညာ အထက်တန်းကျောင်း များ၌ လိုက်လံ ဝေငှ ပေးသွားမည် ဖြစ်ကြောင်း Jupiter Myanmar Education မှ သိရသည်။

အဆိုပါ ဝက်ဘ်ဆိုက် ကို နှစ်လကြာ လေ့လာပြီးပါက ဝက်ဘ်ဆိုက်ကို ဝင်ရောက် ကြည့်ရှု နိုင်သော Activate Code နံပါတ်များ ပါဝင်သည့် ခဲခြစ်ကတ် များကို ဝယ်ယူ၍ ဆက်လက် အသုံးပြုရမည် ဖြစ်ကြောင်း၊ ခဲခြစ်ကတ် များကို စာပေတိုက်များ နှင့် City Mart များ၌ ရောင်းချပေးရန် စီစဉ် ထားကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များသည် ဝက်ဘ်ဆိုက်ကို ဝင်ရောက် ကြည့်ရှုပါက ဝက်ဘ်ဆိုက်၏ Knowledge Bank အပိုင်းတွင် ပါဝင်သော ဘာသာရပ်ဆိုင်ရာ ပညာရှင် များ၏ အထူး ဆောင်းပါးများကို လွတ်လပ်စွာ ဝင်ရောက် ၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ပြီး အခမဲ့ ဝင်ရောက် ကြည့်ရှု နိုင်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger