www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 19, 2014

ဆိုက်ရောက်ဗီဇာ ၁၀ ဦးနှင့် အထက်သာ လျှောက်ထားခွင့်ပေး


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက်ဆောင် ကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၉-၃-၂၀၁၄

e-Visa စနစ် ပြောင်းလဲ ကျင့်သုံးရန် အတွက် ဆိုက်ရောက် ဗီဇာ လျှောက်ထား ခြင်းကို ၁၀ ဦးနှင့် အထက်သာ လျှောက်ထားခွင့် ပေးတော့မည် ဟု သက်ဆိုင်ရာ မှ သတ်မှတ် လိုက်သဖြင့် ဗီဇာ လျှောက်ထားမှု တွင် အနည်းငယ် ခက်ခဲမှုများ ဖြစ်လာနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်း မှ သိရသည်။

မြန်မာနိုင်ငံ သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရန် ဆိုက်ရောက် ဗီဇာ လျှောက်ထားခြင်း ကို ၁၀ ဦးနှင့် အထက် လျှောက်ထား မှသာ ခွင့်ပြု ပေးတော့မည် ဟု သတ်မှတ် လိုက်သည့်အတွက် ဗီဇာ လျှောက်ထား ရာတွင် အခက်အခဲများ ကြုံတွေ့ နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် များက ပြောကြား ခဲ့သည်။

ယင်းကဲ့သို့ ပြောင်းလဲမှုများ ဖြစ်လာ ရခြင်းမှာ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန Touris Visa များအတွက် အွန်လိုင်းမှ e-Visa စနစ်ဖြင့် ခွင့်ပြုပေးရန် စီစဉ် နေသည့်အတွက် ဖြစ်သည်ဟုလည်း သိရသည်။ နိုင်ငံတော် သမ္မတရုံး မှ တရားဝင် ခွင့်ပြုချက် ဖြင့် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ကာ ထုတ်ပေး နေသည့် ကြိုတင် လျှောက်ထား ရသော ဆိုက်ရောက် ဗီဇာ ( VOA ) ခွင့်ပြု အမျိုးအစား တွင် Touris Visa ပါဝင်ခြင်း မရှိကြောင်း သိရသည်။

ခရီးသွား လုပ်ငန်းရှင် များသည် လက်ရှိတွင် ဟိုတယ် နှင့် ခရီး သွားလာရေး ၀န်ကြီးဌာန ၏ ထောက်ခံချက် ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၏ ခွင့်ပြုမိန့် တို့ဖြင့် ကြိုတင် လျှောက်ထား ရခြင်း ဖြစ်သည် ဟုလည်း သိရှိရသည်။ (၄၄၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger