www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 19, 2014

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား Tour Leader များကို ဧည့်လမ်းညွှန်အဖြစ် လိုက်ပါ ပို့ဆောင်ခွင့်ပြုမည် မဟုတ်


ရွှေတိဂုံစေတီတွင် ကိုရီးယား လူမျိုးတစ်ဦးမှ
ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၉-၃-၂၀၁၄

မြန်မာနိုင်ငံ သို့ လာရောက် လေ့လာ လည်ပတ်သည့် နိုင်ငံခြားသား Tour Leader များ ဧည့်လမ်းညွှန် အဖြစ် လိုက်ပါ ပို့ဆောင် နေခြင်းများ ရှိနေရာ အဆိုပါ လုပ်ဆောင်မှု များကို စတင် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

" ကမ္ဘာလှည့် ခရီးသွား ဧည့်သည် တွေကို ၀န်ဆောင်မှု ပေးရတဲ့ ဧည့်လမ်းညွှန် လုပ်ငန်း လုပ်ကိုင်ခွင့် ကို ဟိုတယ် နှင့် ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီးဌာန မှ တရားဝင် ထုတ်ပေး ပါတယ် ၊ ဧည့်လမ်းညွှန် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရှိတဲ့ နိုင်ငံသား ဧည့်လမ်းညွှန် တွေကသာ လုပ်ငန်း လုပ်ကိုင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်း ထားပြီး ဖြစ်ပါတယ် ၊ ဒါကြောင့် ခရီးသွား လုပ်ငန်း ကုမ္ပဏီတွေ အနေနဲ့ လုပ်ကိုင်ခွင့် လိုင်စင်ရှိ နိုင်ငံသား ဧည့်လမ်းညွှန် တွေကို မငှားဘဲ ခရီးစဉ် ပိုဆောင် နေမှုတွေကို စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပြီး ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမှာပါ ... " ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန် များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချို က ပြောကြား ခဲ့သည်။

ခရီးသွား လုပ်ငန်း ကုမ္ပဏီများ အနေဖြင့် ဧည့်လမ်းညွှန် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရှိ နိုင်ငံသား များကို ငှားရမ်း အသုံးပြုခြင်း မရှိဘဲ ခရီးစဉ် ပို့ဆောင်ပေး နေမှုကို စစ်ဆေး တွေ့ရှိပါက လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

( ယောသူလေး )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger