www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 10, 2014

မန္တလေးတွင် တည်ထားလျက် ရှိသည့် ကျောက်စိမ်းစေတီတော် ကမ္ဘာ့ဂင်းနစ် စံချိန်ဝင်မည် ဟု ရည်မှန်းထား



မန္တလေး ၊ ၁၀-၃-၂၀၁၄

မန္တလေးမြို့ အမရပူရ မြို့နယ်၊ ဆင်ရွာ မြင်းမူရွာ အနီးတွင် တည်ထား လျက်ရှိသော ကမ္ဘာ့ ပထမ ဦးဆုံး ကျောက်စိမ်း စေတီတော် မြတ်ကြီး တွင် ကျောက်စိမ်း ဆင်းတုတော် ပေါင်း သုံးသောင်းကို ကပ်လှူ ပူဇော် သွားမည် ဖြစ်ရာ ကမ္ဘာ့ ဂင်းနစ် စံချိန်ဝင်ရန် ရည်မှန်း ထားကြောင်း သိရသည်။ 

ကျောက်စိမ်း စေတီတော် အလှူရှင် ဖြစ်သည့် ''အေးအေးခိုင် ကျောက်မျက် ကုမ္ပဏီ'' မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ ယခုအခါ တည်ထားရေး လုပ်ငန်းများ အနေဖြင့် ၇ဝ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ရာ စေတီ တော်မြတ်ကြီး တစ်ခုလုံးအား ကျောက်စိမ်း မြန်မာမှု လက်ရာများဖြင့် ပေါင်းစပ် တည်ထား သွားမည် ဖြစ်ပြီး လာမည့် ဇွန်လ နောက်ဆုံး ထား၍ လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ဌာပနာ အဖြစ် ကျောက်စိမ်း အသား ကျောက်တန် ချိန် ၈၅ဝ ကို ထည့်သွင်း ပူဇော်ထားပြီး ဖြစ်၍ စေတီ တည်ထား ရာတွင် ကျောက် အရိုင်းတုံးများ နှင့် အုတ်များ ထည့်သွင်း အသုံးပြု ထားခြင်း မရှိကြောင်း ကျောက်စိမ်း တန်ဖိုး မပါဝင်ဘဲ စေတီတော် တည်ထားမှု ကုန်ကျငွေ မှာ ငွေကျပ် သိန်းပေါင်း ငါးသောင်း ဖြစ်ကြောင်း သိရသည်။

'' စေတီတော် တည်ထား ရာမှာ အသုံးပြု ထားတဲ့ ကျောက်စိမ်းတွေ ရဲ့ တန်ဖိုး ကတော့ ယူရိုငွေ ၁၅ သန်း ဝန်းကျင် အနည်းဆုံး ရှိပါတယ်။ ဂျပန်နဲ့ ထိုင်းနိုင်ငံက ပညာရှင်တွေ အကြံပေး အနေနဲ့ ပါဝင်ပေမယ့် တည်ထားရေး လုပ်ငန်း တွေကို အေးအေးခိုင် ကျောက်မျက် ကုမ္ပဏီ က ကျောက်စိမ်း မြန်မာမှု ပညာရှင် တွေနဲ့ပဲ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ စေတီတော်ကြီး မှာအသုံးပြု ထားတဲ့ ကျောက်တုံး တွေဟာ ကျွန်တော် ကိုယ်တိုင် နှစ်ပေါင်း ၂၅ နှစ်ကြာ စုဆောင်း လာခဲ့တာပါ။ ကမ္ဘာပေါ်မှာ မြဘုရား ဆိုတာ ထိုင်းနိုင်ငံမှာ ပဲရှိသလိုကျောက်စိမ်း စေတီတော် ဆိုတာကလဲ မြန်မာ နိုင်ငံမှာပဲ ရှိရမယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ပူဇော် လိုတာကြောင့် တည်ထား ဖြစ်သွား တာပါ။ ကျောက်စိမ်း စေတီတော် ဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူဖွယ်ရာ အထင်ကရ ပြယုဂ်တစ်ခု အဖြစ် ထွက်ပေါ်လာ မှာဖြစ်သလို ကမ္ဘာ့ဂင်းနစ် စံချိန် ဝင်ဖို့ အထိ ရည်မှန်း ထားပါတယ်။ လာမယ့် ဇွန်လအမီ လုပ်ငန်းတွေ ပြီးစီးနိုင်ဖို့ အတွက် လူအင်အား ဦးရေ ၃ဝဝကျော်၊ ယာဉ်အစီးရေ ၂ဝ ကျော်နဲ့ လုပ်ငန်းတွေ ကို နေ့၊ ည ဆောင်ရွက် နေပါတယ်''ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

ကျောက်စိမ်း စေတီတော်၏ ဘွဲ့တော်မှာ ဝေရောစန ဖြစ်ပြီးရေရှည် တည်တံ့ စေရန်နှင့် ငလျင်ဒဏ် ခံနိုင် စေရန် အတွက် ဘိုးပိုင်စနစ် ဖြင့် တည်ထားကြောင်း ၊ ဉာဏ်တော်မှာ ပေ ၈ဝ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger