www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 16, 2013

ရိုးမ ၊ FMI ၊ Digicel နှင့် Oooredoo တို့ ဆက်သွယ်ရေးလုပ်ငန်းများ ပါဝင် ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၆-၁၂-၂၀၁၃

မြန်မာ့ စီးပွားရေး နယ်ပယ်တွင် ထင်ရှားသည့် ရိုးမ နှင့် FMI ကုမ္ပဏီ နှင့် ပြည်ပမှ Digicel ၊ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်တွင်း မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် ထူထောင်ရေး လုပ်ငန်း များတွင် ပါဝင်မည် ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ ၏ စီးပွားရေး နယ်ပယ်တွင် ထင်ရှားသည့် Yoma Strategic Holdings Ltd, First Myanmar Investment ( FMI ) ကုမ္ပဏီတို့ ပါဝင်သည့် YSH Finance Ltd နှင့် Digicel လုပ်ငန်းစု တို့သည် Digicel Asian Holdings ဟူသော အမည်ဖြင့် စီးပွားရေး လုပ်ငန်းစု တစ်ခုကို မကြာသေးမီ က ဖွဲ့စည်း ခဲ့သည်။

၎င်း Digicel Asian Holdings လုပ်ငန်းစုသည် ကာတာ နိုင်ငံ၏ ဆက်သွယ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ အတွင်း မိုဘိုင်းလ်ဖုန်း ကွန်ရက် အတွက် တာဝါတိုင် တည်ဆောက်ခြင်း လုပ်ငန်းများ ကို လာမည့် နှစ်အတွင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများမှ သိရသည်။

ထိုကဲ့သို့ပင် နိုင်ငံတကာ မိုဘိုင်းလ် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သည့် Digicel က မြန်မာ နိုင်ငံတွင် လုပ်ကိုင်ခွင့် လိုင်စင် ရထားသည့် Ooredoo ကုမ္ပဏီနှင့် ပူးပေါင်းကာ အစိုးရ၏ တာဝါတိုင် တည်ဆောက်မည့် စီမံကိန်း များတွင် ပါဝင် လာတော့မည် ဖြစ်ကြောင်း ၄င်း ကုမ္ပဏီများ ထံမှ သိရသည်။

Digicel နှင့် Ooredoo ပူးပေါင်းမှုသည် တာဝါတိုင်များ တည်ဆောက်မှု တွင် ပါဝင်ရုံ မဟုတ်ဘဲ တစ်နိုင်ငံလုံး ၏ ဆက်သွယ်ရေး ကွန်ရက် ချိတ်ဆက်မှု၏ အစိတ်အပိုင်း များတွင်လည်း ဆောင်ရွက်ရန် ရှိနေကြောင်း ၄င်းကုမ္ပဏီ များ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ဆက်သွယ်ရေး ၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန ၏ နိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်မှု စီမံကိန်း သည် လက်ရှိ အနေအထား တွင် ကျေနပ် အားရဖွယ်ရာ အနေအထား သို့ မရောက်ရှိ သေးကြောင်း ကွန်ပျူတာ ပညာ ရှင်နယ်ပယ် မှလေ့လာ သုံးသပ်သူ တို့က ဆိုကြသည်။

အစိုးရ၏ ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်မည့် စီမံကိန်းတွင် ယခုကဲ့သို့ ဂျမေကာ နိုင်ငံ အခြေစိုက် Digicel ကုမ္ပဏီနှင့် ကာတာနိုင်ငံ ၏ Ooredoo တို့ ပါဝင်လာသည့် အပြင် တရုတ်နိုင်ငံ ၏ မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းစု သည်လည်း ပါဝင် လာမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger