www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 16, 2013

တရုတ်နိုင်ငံတွင် ဆေးဝါးအတု ရောင်းချသူ ၁၃၀၀ ကျော်ကို အစိုးရဖမ်းဆီး


ပေကျင်း ၊ ၁၆-၁၂-၂၀၁၃

တရုတ်အစိုးရ သည် နိုင်ငံ တစ်ဝန်းရှိ ဆေးဝါး အတုများ ရောင်းချမှုကို တိုက်ဖျက်မှုများ ပြုလုပ်ခဲ့ရာ တွင် အဆိုပါ ဆေးဝါး အတုများ ရောင်းချခြင်း ၌ ပါဝင်ခဲ့သူ ၁၃ဝဝ ကျော်ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း တွင် ယင်းသို့ ဖမ်းဆီးရာတွင် အာဏာပိုင် များသည် ယွမ် ၂ ဒသမ ၂ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၃၆၂ ဒသမ ၄ သန်း ) တန်ဖိုးရှိ ဆေးဝါး အတု နှင့် ဆေးဝါး ထုတ်လုပ် ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းများ (ပုံ) ကို သိမ်းဆည်း ရမိခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန က ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန ၏ ပြောကြားချက် ကို ကိုးကား၍ ယမန်နေ့ တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့ သည် ပြည်နယ် ၂၉ ခုအတွင်း နှင့် အခြား အဓိကမြို့ကြီး များရှိ တရားမဝင် ဆေးအရောင်းဆိုင် နှင့် ဝက်ဘ်ဆိုက် ၁၄ဝ ခန့်ကို ပိတ်ပစ် ခဲ့ကြောင်း သိရသည်။ သိမ်းဆည်း ရမိခဲ့သည့် ဆေးဝါး များမှာ ကလေး သူငယ်များ အအေးမိ ၊ တုပ်ကွေး ပျောက်ဆေးများ အပါအဝင် နှလုံးရောဂါ ဆေးများ ပါဝင်ကြောင်း နှင့် ယင်းဆေးဝါး များကို အွန်လိုင်းမှ တစ်ဆင့် ကြေညာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ တင်သွင်းသည့် ဆေးဝါး အတုများ သောက်သုံး ခဲ့ခြင်းကြောင့် ၂ဝဝ၈ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စု မှ လူနာ ၁၄၈ ဦး သေဆုံးပြီး နောက်ပိုင်း ၌ တရုတ် အစိုးရက ဆေးဝါးအတု နှိမ်နင်း တိုက်ဖျက်ရေး ကို လုပ်ဆောင် ခဲ့ရာတွင် ၂ဝ၁၂ ခုနှစ်တွင် ဆေးဝါးအတု ထုတ်လုပ် ရောင်းချသူ ၈ဝဝဝ ဦးကျော် ကို ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger