www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 1, 2013

ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်သေဆုံးမှု မရှိရေး ART ဖြင့်ကုသပေး


ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် 
တိုင်းဒေသကြီး ၀န်ကြီးချုပ် မှ အဖွင့်အမှာစကား ပြောကြားစဉ်

မုံရွာ ၊ ၁-၁၂-၂၀၁၃

ကမ္ဘာ့ ခုခံအား ကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး နေ့သည် ဒီဇင်ဘာ ၁ ရက်နေ့ ဖြစ်ရာ အထိမ်းအမှတ် လှုပ်ရှားမှုများ အနေဖြင့် ရောဂါ တိုက်ဖျက်ရေး ၊ ကုသရေး ၊ ပြုစု စောင့်ရှောက်ရေး လုပ်ငန်းများ တွင် အစိုးရ ဝန်ကြီးဌာန များနှင့် လူမှုရေး အသင်းအဖွဲ့များ ရောဂါ ကူးစက်ခံရသူ မိသားစုများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး တက်ကြွစွာ ပူးပေါင်း ပါဝင် ဆောင်ရွက် နိုင်ရန်အတွက် ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက် သေဆုံးမှု မရှိရေး ART (အေအာတီ) ဖြင့်ကုသပေး ဆောင်ပုဒ် နှင့်အညီ လှုပ်ရှား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ၁၉၈၁ ခုနှစ်မှ စတင် ပေါ်ပေါက် ခဲ့သော လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် AIDS ရောဂါ ဆိုးကြီး ဆက်လက် မပြန်ပွား မကူးစက် နိုင်ရန်အတွက် ART ဆေးကို အသက်ရှင် နေသရွေ့ နှစ်ရှည် သောက်သုံးပြီး ကုသမှု အစီအစဉ်များ ဝိုင်းဝန်း ကူညီ ရမည်ဖြစ်ရာ ART ဆေး တိုက်ကျွေးမှုမှာ တစ်နိုင်ငံလုံး အနေဖြင့် (၆၁၆၇၃) ဦးရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း၌ (၁၆၄၁) ဦးရှိကာ မုံရွာ ၊ စစ်ကိုင်း ၊ ရွှေဘို ၊ ဟုမ္မလင်း နှင့် ကလေးမြို့ ကြီးများမှ ပြည်သူ့ ဆေးရုံကြီး များတွင် ဆေးတိုက်ကျွေး လျက်ရှိ၍ တဖြေးဖြေး ခရိုင်/ မြို့နယ် ဆေးရုံများသို့ တာဝန်ပေး စောင့်ရှောက် သွားမည် ဖြစ်သည်။ AIDS ရောဂါ သည် ပြည်သူလူထု အားလုံးတွင် ယခုအခါ ( ဝ ဒသမ ၅) ရာခိုင်နှုန်း အထိ ကျဆင်း သွားသော်လည်း မူးယစ်ဆေးစွဲ သုံးစွဲသူများ အတွင်း ယခင် (၆၅) ရာခိုင်နှုန်း ရှိရာမှ ယခုအခါ (၂၅) ရာခိုင်နှုန်း အထိ ရှိနေဆဲ ဖြစ်ကြောင်း ဆေးမှတ်တမ်း များအရ သိရသည်။

၂ဝ၁၃ ခုနှစ် ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးအ ထိမ်းအမှတ်နေ့ တွင် အခမ်းအနားများ ကျင်းပရာ စစ်ကိုင်းတိုင်း ဒေသကြီး တွင်လည်း ယနေ့နံနက် ၈ နာရီ မိနစ် ၂ဝ က မုံရွာမြို့ ၊ မြို့တော်ခန်းမ ၌ " ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်ေ သဆုံးမှု မရှိရေး ART ဖြင့်ကုသပေး " ဆောင်ပုဒ်နှင့် အညီ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ် ၊ ဥပဒေချုပ် ၊ စာရင်းစစ်ချုပ် ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ ဌာန ဆိုင်ရာများ ၊ လူမှုရေး အဖွဲ့အစည်းများ ၊ မြို့မိ မြို့ဖများ ၊ ကျောင်းသား ကျောင်းသူများ နှင့် မိဘများ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် 
တိုင်းဒေသကြီး ၀န်ကြီးချုပ် မှ ဆုရရှိသူ ကျောင်းသူတစ်ဦးအား ဆုချီးမြှင့်စဉ်


ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် 
တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့် တာဝန်ရှိသူများ ပညာပေးပြခန်းအား ကြည့်ရှုစဉ်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger