www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, November 23, 2013

ရွှေတိဂုံဘုရားရှိ ပြန်လည် ပြုပြင်ထားသော ဓာတ်ပုံပြခန်းတွင်း ရှားပါးဓာတ်ပုံများ ထပ်မံထည့်သွင်း ပြသထား



ရန်ကုန် ၊ ၂၃-၁၁-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ဗဟန်း မြို့နယ်၌ တည်ထား ကိုးကွယ်သော ရွှေတိဂုံ စေတီတော် မြတ်ကြီး၏ ရင်ပြင်တော် ပေါ်ရှိ မြောက်ဘက် မုခ်အနီး၌ တည်ရှိသော ရွှေတိဂုံ ဘုရား ဓာတ်ပုံ ပြတိုက်ကို သက်ဆိုင်ရာ ဘုရား ဂေါပကအဖွဲ့ မှ ကြီးမှူး၍ ဖူဂျီဖလင် ကော်ပိုရေးရှင်း ၏ ကူညီ ဆောင်ရွက်မှုဖြင့် ပြန်လည် ပြုပြင်မွမ်းမံ ပြီးနောက် ယခုအခါ ပြည်တွင်းမှ ဘုရားဖူး လာကြသူများ နှင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ကြည့်ရှု လေ့လာ နိုင်စေရန် ဖွင့်လှစ်ပြသ ထားရာ နေ့စဉ် လူအများအပြား ဝင်ရောက် ကြည့်ရှု လေ့လာ ကြကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံ ပြခန်းကို ပြန်လည် ပြုပြင် မွမ်းမံရာ၌ ပြခန်း အတွင်း/ အပြင် ဆေးများ ပြန်သုတ်ခြင်း ၊ ပြခန်းအတွင်း ၌ ဓာတ်ပုံ များကို ကောင်းစွာ မြင်နိုင်စေရန် လျှပ်စစ်မီးများ ပြန်လည် စီစဉ် သွယ်တန်းခြင်း ၊ ဓာတ်ပုံ အသစ်များ ထပ်မံ ထည့်သွင်း ချိတ်ဆွဲခြင်း စသည်တို့ကို လုပ်ဆောင် ခဲ့သည်။ ထို့အပြင် လွတ်လပ်ရေး မရမီက ရိုက်ကူး ထားသော ဓာတ်ပုံများ နှင့် ၁၈ ရာစု နှစ်ခန့်က ရိုက်ကူး ခဲ့သော ရွှေတိဂုံဘုရား နှင့် ပတ်သက်သည့် ရှေးဟောင်း သမိုင်းဝင် ရှားပါး ဓာတ်ပုံများ ကိုလည်း ရှာဖွေ စုဆောင်း ပြီးနောက် အသစ်ပြန်လည် ကူးယူကာ ချိတ်ဆွဲ ပြသထားရာ ပြခန်းသို့ လာရောက် ကြသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှု လေ့လာကြ သလို နိုင်ငံခြားသား များကလည်း ရိုက်ကူး မှတ်တမ်းတင် သွားကြသည်ကို တွေ့ရသည်။

လက်ရှိတွင် ရွှေတိဂုံ ဘုရား ဓာတ်ပုံပြခန်း တွင် စုစုပေါင်း ဓာတ်ပုံ အရေအတွက် ၂၆၂ ပုံ ချိတ်ဆွဲပြသ ထားပြီး နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြသ ထားကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger