www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, November 23, 2013

တရုတ်နိုင်ငံလုပ် ပထမဆုံး မောင်းသူမဲ့ ကိုယ်ပျောက်တိုက်လေယာဉ် စမ်းသပ်ပျံသန်း





ပေကျင်း ၊ ၂၃-၁၁-၂၀၁၃

တရုတ်နိုင်ငံ သည် အမေရိကန် ၏ B2 ဗုံးကြဲ လေယာဉ်နှင့် ဆင်တူသော Sharp Sword ဟု အမည် ပေးထားသည့် ၄င်း၏ ပထမဆုံးသော မောင်းသူမဲ့ ကိုယ်ပျောက် တိုက်လေယာဉ် ကို စမ်းသပ် ပျံသန်းခဲ့ကြောင်း နိုင်ငံပိုင် သတင်း မီဒီယာ များက နိုဝင်ဘာ ၂၂ ရက်တွင် ဖော်ပြ ခဲ့ကြောင်း သိရသည်။

အဆိုပါ စမ်းသပ် ပျံသန်းမှု ကို နိုဝင်ဘာ ၂၀ ရက်၌ ချန်ဒူးမြို့ တွင် မိနစ် ၂၀ ကြာ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း CCTV သတင်းဌာန က ပြောကြား ခဲ့သည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ် စမ်းသပ် ပျံသန်းမှု သည် တရုတ်နိုင်ငံ ၏ ရေရှည် စစ်ရေး တည်ဆောက် နေမှု၏ နောက်ထပ် ခြေလှမ်း တစ်ရပ်ဖြစ်ပြီး ဒိုင်အိုယု (ဆန်ကာကူ) ကျွန်းစု အနီးတွင် မောင်းသူမဲ့ လေယာဉ် တစ်စင်း ပျံသန်း သွားခဲ့ကြောင်း ဂျပန်နိုင်ငံ က ပြောကြား ခဲ့ပြီးနောက် ရက်သတ္တပတ် အကြာတွင် ပေါ်ပေါက် လာခြင်း ဖြစ်သည်။ 

ယခုကဲ့သို့ မောင်းသူမဲ့ လေယာဉ် အောင်မြင်စွာ စမ်းသပ် ပျံသန်း နိုင်မှုသည် တရုတ် နှင့် အနောက်အုပ်စု တို့အကြား လေကြောင်း စွမ်းရည် ကွာဟချက် ကျဉ်းမြောင်း လာသည်ကို ဖော်ပြရာ ရောက်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန် ၊ ဥရောပ သမဂ္ဂ နှင့် ဗြိတိန် နိုင်ငံတို့ ပြီးနောက် ကိုယ်ပျောက် မောင်းသူမဲ့ လေယာဉ် ပိုင်ဆိုင်သည့် စတုတ္ထမြောက် နိုင်ငံ ဖြစ်လာကြောင်း China Daily သတင်းစာ က ဖော်ပြခဲ့သည်။ 

အဆိုပါ လေယာဉ်ကို တရုတ် နိုင်ငံ၏ ထိပ်တန်း လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် Aviation Industry ကော်ပိုရေးရှင်း ၏ လက်အောက်ခံ ကုမ္ပဏီ နှစ်ခုက ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger