www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 7, 2013

ဗင်နီဇွဲလား သမ္မတ ဟူဂိုချာဗက် သည် ကင်ဆာရောဂါဖြင့် သေဆုံးသွားခဲ့



၇-၃-၂၀၁၃

ဗင်နီဇွဲလား နိုင်ငံကို ၁၄ နှစ်ခန့်ကြာ အုပ်ချုပ် ခဲ့သော သမ္မတ ဟူဂိုချာဗက် သည် မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ကင်ဆာရောဂါ ဖြင့် သေဆုံး သွားခဲ့ကြောင်း နှင့် အစိုးရသည် ငြိမ်းချမ်းရေး ကို ထိန်းသိမ်းရန် နှင့် ပြည်သူများကို အကာအကွယ် ပေးရန် အတွက် စစ်ဘက် နှင့် ရဲတပ်ဖွဲ့ ၀င်များကို ဖြန့်ကြက် ချထားခဲ့ကြောင်း ဒုတိယ သမ္မတ Nicolas Maduro က ထုတ်ဖော် ပြောကြား ခဲ့သည်ဟု NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

ဟူဂိုချာဗက် သည် ၂၀၁၁ ခုနှစ် ဇွန်လမှ စ၍ ကင်ဆာရောဂါ ကို ၄ ကြိမ်တိုင် ကျူးဘား နိုင်ငံ၌ ခွဲစိတ် ကုသခဲ့ရကြောင်း နှင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ မှစ၍ ကျူးဘား နိုင်ငံ၌ ခွဲစိတ် ကုသရန် ၂ လကြာ နေထိုင် ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ စ၍ ဗင်နီဇွဲလား နိုင်ငံရှိ Caracas စစ်ဘက် ဆေးရုံ၌ ပြောင်းလဲ ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။ ဟူဂိုချာဗက် သည် သမ္မတ အဖြစ် ဒုတိယ သမ္မတ Nicolas Maduro ကို အမည်စာရင်း တင်သွင်း ခဲ့သော်လည်း ဗင်နီဇွဲလား အတိုက်အခံ များက ရွေးကောက်ပွဲ အသစ် ပြန်လည် ကျင်းပပေးရေး ကို တောင်းဆိုလျက် ရှိသည်။ အဆိုပါ အတိုက်အခံ များ၏ ရည်မှန်းချက် မှာ ဗင်နီဇွဲလား ၏ ပြည်ပ ရန်ဘက်နိုင်ငံ များ၏ ရည်မှန်းချက် များနှင့် တူညီလျက် ရှိကြောင်း အစိုးရ အဖွဲ့က စွပ်စွဲ ပြောကြား ထားသည်။

ဗင်နီဇွဲလား ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲ ကို ရက် ၃၀ အတွင်း ကျင်းပ ပေးရမည် ဖြစ်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ကြားဖြတ် အာဏာရယူ ထားရမည် ဖြစ်သည်။ ဟူဂိုချာဗက် က မိမိ သေဆုံး သွားခဲ့လျှင် ဒုတိယ သမ္မတ Nicolas Maduro အား မဲပေးကြရန် ပြည်သူ များအား တိုက်တွန်း ခဲ့ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger