www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 8, 2013

(၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပ



တောင်ကြီး ၊ ၈-၂-၂၀၁၃

၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကို ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၈ နာရီက တောင်ကြီးမြို့ မြို့တော် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ထံမှ ၂၀၁၃ ခုနှစ် (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာ ကို ပြည်နယ် ၀န်ကြီးချုပ်က ဖတ်ကြား ရာတွင် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ် ၏ မင်္ဂလာ ရှိသော နေ့ထူး နေ့မြတ် အခမ်းအနား သို့ သ၀ဏ်လွှာ ပေးပို့ခွင့် ရသည့် အတွက် အထူး ကျေးဇူး ၀မ်းမြောက် ပါကြောင်း ၊ ရှမ်းပြည်နယ် သည် ပြည်နယ်နှင့် တိုင်းဒေသကြီး များအနက် အကြီးမားဆုံး နှင့် အကျယ်ပြန့်ဆုံး ပြည်နယ် တစ်ခု ဖြစ်ပြီး တိုင်းရင်းသား မျိုးနွယ်စု ပေါင်း ၃၀ ကျော်ခန့် နေထိုင် လျက်ရှိပြီး ပြည်နယ် အတွင်းရှိ လူမျိုး ပေါင်းစုံအား ကိုယ်စားပြု နိုင်စေရန် ၁၉၆၀ ပြည့်နှစ် ၀န်းကျင်မှ စ၍ ရှမ်းအမျိုးသားနေ့ အား ရှမ်းပြည်နယ်နေ့ ဟု ပြောင်းလဲ ခေါ်ဆိုခဲ့သည်။
 

ယခု အစိုးရသစ် အနေဖြင့် အမိ မြန်မာ နိုင်ငံတော်ကြီး ကို နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး စသည့် နယ်ပယ်စုံ ၊ ကဏ္ဍစုံ တို့တွင် ပြောင်းလဲမှု ရေစီးကြောင်း နှင့်အတူ လိုက်ပါနေပြိး ပါတီစုံ ဒီမိုကရေစီ စနစ်နှင့် အတူ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ကြီး ဆီသို့ ဦးတည် ချီတက်လျက် ရှိကြောင်း ၊ ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေး သုံးပါးကို နောင် သားစဉ် မြေးဆက်အထိ ကမ္ဘာတည် သရွှေ့ နိုင်ငံသားတိုင်း လိုက်နာ စောင့်ရှောက် ကာကွယ် ပေးကြရမည့် အမျိုးသားရေး တာဝန် ဖြစ်ကြောင်း ၊ အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေး နှင့် ပတ်သက်၍ ယနေ့ အချိန်အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ ရှိသည့်အနက် ၁၀ ဖွဲ့ သည် ငြိမ်းချမ်းရေး ရယူပြီး နိုင်ငံတော် အစိုးရနှင့် လက်တွဲ ဆောင်ရွက်လျက် ရှိကြောင်း ကျန် ၁ ဖွဲ့ သည်လည်း ဆက်လက် ညှိနှိုင်း ဆွေးနွေးလျက် ရှိပါကြောင်း ၊ တိုင်းရင်းသား လူမျိုးများ စည်းလုံး ညီညွတ် ကြရန် နှင့် နိုင်ငံတော် ၏ အချုပ်အခြာ အာဏာကို မှဲ့တစ်ပေါက် အစွန်း မခံရအောင် ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ရန် တို့သည် မြန်မာ နိုင်ငံ၏ ပကတိ အခြေအနေ အရ ပြည်ထောင်စုကြီး တစ်ခုလုံး နှင့် ပြည်ထောင်စု သားအားလုံး တို့အတွက် ထာဝရ လိုအပ်နေသော အချက်များ ပင် ဖြစ်ကြောင်း ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲလျှင် ပြည်ထောင်စု ပြိုကွဲ သွားမည် ဖြစ်ပြီး တစ်ဆက်တည်း ပင် အချုပ်အခြာ အာဏာကိုလည်း လက်လွှတ် ဆုံးရှုံး သွားရမည် ဖြစ်ကြောင်း ၊ ရှမ်းပြည်နယ် အတွင်း မှီတင်း နေထိုင် ကြသော တိုင်းရင်းသား များသာမက မြန်မာနိုင်ငံသား အားလုံးကပါ ဦးထိပ်ထားပြီး အစဉ် ထိန်းသိမ်း ရွက်ဆောင် ကြိုးပမ်း ကြရမည့် အမျိုးသားရေး တာဝန် ဖြစ်ကြောင်း ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်ကြီးသည် ကမ္ဘာ့ အလယ်မှာ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေး နေသည့် အတွက် အရှိန်အဟုန် နှင့် ဖွံ့ဖြိုး တိုးတက်အောင် စိတ်ဓာတ် အပေါ် အခြေခံပြီး တက်ညီ လက်ညီ တစ်စိတ် တစ်ဝမ်းတည်း ကြိုးပမ်း ဆောင်ရွက် သွားကြရန် ထည့်သွင်း ဖတ်ကြား သွားသည်။

ထို့နောက် ပြည်နယ် ၀န်ကြီးချုပ် နှင့် တာဝန်ရှိ သူများသည် တောင်ကြီးမြို့ ကျောက်တိုင် အားကစား ကွင်း၌ ခင်းကျင်း ပြသထားသော ဌာနဆိုင်ရာ ပြခန်းများ ၊ တိုင်းရင်းသား ရိုးရာ အသင်းအဖွဲ့ ပြခန်း များအား သွားရောက် ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ အခမ်းအနား သို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်မြတ်အောင် နှင့် ဇနီး ဒေါ်ဖြူဖြူညွန့် ၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် ၊ ပြည်နယ် လွတ်တော် ဒုတိယ ဥက္ကဋ္ဌ ၊ ပြည်နယ် ၀န်ကြီးများ ၊ ပြည်နယ် စာရင်းစစ် ချုပ် ၊ ပြည်နယ် ဥပဒေချုပ် ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ တိုင်းရင်းသား ရေးရာ ၀န်ကြီးများ ၊ ပြည်နယ် - ခရိုင် - မြို့နယ် အဆင့် ဌာနဆိုင်ရာ များ ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ ၊ လူမှုရေး အသင်း အဖွဲ့များ နှင့် ဖိတ်ကြား ထားသည့် ဧည့်သည်များ တက်ရောက် ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger