မြန်မာနိုင်ငံတွင် ရှေးနှစ် သန်းပေါင်း
၄၀ ကပင် လူများနှင့် သက်ရှိ သတ္တ၀ါများ နေထိုင် ခဲ့ကြကြောင်း အထောက်အထား များတွေ့ရှိ
ခဲ့သည်။ အနောက် နိုင်ငံများရှိ ဘူမိဗေဒ ပညာရှင် များကလည်း အတည်ပြု ထားပြီး ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် ကျောက်ခေတ်
၊ ကြေးခေတ် ၊ သံခေတ် တို့ကို ကျော်လွန် ခဲ့ပြီး ယနေ့ မြန်မာလူမျိုး များအဖြစ် ခန့်ထည်စွာ
ရပ်တည် နေထိုင် ခဲ့ကြသည့် ရှည်လျားသော နိုင်ငံ၏ သမိုင်းကြောင်း ကို ပိုင်ဆိုင် ခဲ့ခြင်းသည်
နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များအတွက် ဂုဏ်ယူဖွယ်
ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကချင် ၊ ကယား ၊ ကရင်
၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း စသည့် တိုင်းရင်းသား များ နေထိုင်လျက် ရှိကြရာ
တစ်ဦး နှင့် တစ်ဦး လူမျိုး တစ်မျိး နှင့် တစ်မျိုး တို့သည် တစ်မြေတည်း နေ ၊ တစ်ရေတည်း
သောက် ၊ တစ်ခရီးတည်း သွားကာ အေးအတူ ပူအမျှ နေထိုင် ခဲ့ကြသည်။ မြန်မာ လူမျိုးသည် ထို
တိုင်းရင်းသားမျာ ပါဝင် ပေါင်းစည်း ထားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ တစ်အူထုံဆင်း
တိုင်းရင်းသား အားလုံး စုစည်း နေထိုင်သော နိုင်ငံ ဖြစ်ခြင်းကြောင့် ယနေ့ နိုင်ငံတော်ကို
ပြည်ထောင် သမ္မတ မြန်မာနိုင်ငံ ဟု ခေါ်တွင်ခြင်း ဖြစ်သည်။
သမိုင်းစဉ် တစ်လျှောက် နှစ်ပေါင်း ထောင်ချီကာ
ပြည်ထောင်စု အတွင်း စည်းလုံး ညီညွတ်စွာ နေထိုင် ခဲ့ကြသော်လည်း နိုင်ငံ အတွင်းသို့ ဥရောပ
တိုက်သားများ ရောက်ရှိလာပြီး နောက်ပိုင်း ၁၆ ရာစုမှ စ၍ တည်ငြိမ်မှု ယိုယွင်းခဲ့သည်။
အင်္ဂလိပ် - မြန်မာ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး မြန်မာ တစ်နိုင်ငံလုံး အင်္ဂလိပ် လက်အောက်
ကျရောက်ကာ သွေးခွဲ ခံခဲ့ရသဖြင့် တိုင်းရင်းသား အချင်းချင်း သွေးစည်း ညီညွတ်မှု ပျက်ပြား
ခဲ့ရသည့် အပြင် ယုံကြည်မှု ကင်းမဲ့ခဲ့ကြပြီး ကြီးစွာသော လူမျိုးရေး သံသယများကို ဖြစ်ပေါ်
စေခဲ့ပါသည်။
တိုင်းတစ်ပါး လက်အောက် နေခဲ့ရသော နှစ်ပေါင်း
တစ်ရာကျော် ကာလများတွင် တိုင်းတစ်ပါး၏ ဖိနှိပ် ချုပ်ချယ်မှု အောက် မတူကွဲပြားမှု ရှိခဲ့
ကြသော်လည်း ဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်ရေး အတွက် အရေးကြီးလျှင် သွေးနီးခဲ့ ကြပြီး မတူကွဲပြားမှု
များကို ဘေးဖယ်ကာ ဖိနှိပ်ခံ ကျွန်ဘ၀မှ လွတ်မြောက်ရေး ဟူသော အမျိုးသားရေး စိတ်ဓာတ် ဖြင့်
နိုင်ငံရေး တိုက်ပွဲများ ပြင်းထန် လာခဲ့သည်။
အမျိုးသားရေး တိုက်ပွဲများကို အခြေခံ၍
၁၉၃၈ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီ ပေါ်ပေါက်ခဲ့ပြီး ၄င်းပါတီကပင် နယ်ချဲ့ကို
လက်နက်ကိုင် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်ရန် အမျိုးသား တပ်မတော် တစ်ရပ်ရှိဖို့ လိုအပ်ကြောင်း
သိရှိ လာခဲ့ပြီးနောက် သခင် အဖွဲ့အစည်းမှ သခင် အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည်
ဟိုင်နန်ကျွန်း သို့ သွားရောက်ကာ စစ်ပညာ သင်ကြား တတ်မြောက် ခဲ့ပြီး တပ်မတော်ကို စတင်
ခဲ့ခြင်း ဖြစ်ပါသည်။
ဖက်ဆစ် ဂျပန် နှင့် ပေါင်း၍ နယ်ချဲ့ကို
မြန်မာ့ မြေပေါ်မှ တိုက်ထုတ်ခဲ့ပြီး မြန်မာနိုင်ငံ နှင့် မြန်မာ တိုင်းရင်းသား လူထုအပေါ်
ဖက်ဆစ်စနစ် ဖြင့် အုပ်ချုပ် ကြီးစိုးခဲ့သော ဖက်ဆစ် ဂျပန်ကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်
ဖက်ဆစ် ဂျပန် တော်လှန်ရေး ဆင်နွှဲခဲ့ပြီး အင်္ဂလိပ် အစိုးရထံမှ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး
အတွက် နိုင်ငံရေး နည်းလမ်းများဖြင့် တောင်းဆို ခဲ့ကြသည်။
ထိုအချိန် မြန်မာနိုင်ငံ ဆိုင်ရာ အင်္ဂလိပ်
ဘုရင်ခံချုပ် ဒေါ်နယ်စပစ် သည် စက္ကူဖြူ စာတမ်းခေါ် ဒုတိယ ကမ္ဘာစစ်ပြီး ကာလ မြန်မာနိုင်ငံအား
စီရင် အုပ်ချုပ်မည့် ပုံစံကို ရေးဆွဲ၍ မြန်မာ နိုင်ငံအား မလွှဲမရှောင်သာ လွတ်လပ်ရေး
ပေးရမည့် အခြေအနေတွင် မြန်မာပြည် နှင့် တစ်သီး တစ်ခြားစီ ခွဲခြား အုပ်ချုပ်ရမည့် တောင်တန်း
ဒေသကို ချန်လှပ် ထားမည် ဟူသော အချက် ပါဝင်ခဲ့သည်။
ထို့ကြောင့် တောင်ပေါ် - မြေပြန့် ဒေသကို
မဆက်သွယ် မိရေး နှင့် တိုင်းရင်းသား လူမျိုးများ မစုစည်း မိစေရန် ဒေသတစ်ခင တိုင်းရင်းသား
တစ်မျိုးလျှင် အုပ်ချုပ်ရေး ပုံစံ တစ်မျိုးစီ ခွဲခြား ကန့်သတ်ကာ တာဝန် ပေးခဲ့ကြပြီး
မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် များကိုမူ " တောင်ပေါ် တိုင်းရင်းသား များသည် ပညာ
မတတ်ကြောင်း ၊ ဗဟုသုတ မရှိ၍ သူတို့ကိုယ် သူတို့ မအုပ်ချုပ် တတ်သေး သဖြင့် အင်္ဂလိပ်
တို့ကပင် ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်ကြောင်း ၊ မြေပြန့် ဒေသမှ ဗမာများသာ လွတ်လပ်ရေး
ယူပါ " ဟု တောင်ပေါ် နှင့် မြေပြန့် ဒေသကို
သွေးခွဲ ခဲ့ကြသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေး မရမီ ကပင်
ဝိ၀ါဒ အမျိုးမျိုး နှင့် သဘောထား အမျိုးမျိုး ကွဲပြား နေခဲ့ကြ သော်လည်း ရည်မှန်းချက်
တူညီခဲ့ ကြသဖြင့် ဗိုလ်ချုပ် အောင်ဆန်း သည် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ လွတ်လပ်ရေး
ရယူရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လတွင် ရှမ်းပြည်နယ် တောင်ပိုင်း ၊ ပင်လုံမြို့သို့ သွားရောက်၍
တိုင်းရင်းသား ခေါင်းဆောင် များနှင့် ညှိနှိုင်း ဆွေးနွေးကာ တိုင်းရင်းသား စည်းလုံး
ညီညွတ်မှု စွမ်းအားဖြင့် လွတ်လပ်ရေးကို အတူတကွ ရယူရန် ဆုံးဖြတ် ခဲ့ကြသည်။
၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့
နံနက် ၁၀ နာရီတွင် ခွင့်တူညီမျှ ၀ါဒဖြူစင် စွာဖြင့် တစ်စည်း တစ်လုံးတည်း အတူတကွ နေထိုင်
တော့မည် ဟူသော သန္နိဌာန် စိတ်ဖြင့် တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦးတို့က ပင်လုံကို
သက်သေတည်၍ ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုးကာ ၁၉၄၇ ခုနှစ် ၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင်
တိုင်းပြု ပြည်ပြု လွှတ်တော်က ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
ပြဌာန်းခဲ့ပြီး ၁၉၄၈ ခုနှစ် ၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော
အချုပ်အခြာ ပိုင်နိုင်ငံ ဖြစ်လာ ခဲ့သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင်
တိုင်းရင်းသား ညီအစ်ကိုများ အချင်းချင်း လက်ရည် တစ်ပြင်တည်း စားသောက်ကာ အေးအတူ ပူအမျှ
အားအကိုး ရဆုံး နေထိုင် ခဲ့ကြသည်။ လွတ်လပ်ရေး ဆုံးရှုံးမှု နှင့် ရင်ဆိုင် ရချိန်တွင်
လည်း အရေးကြီးက သွေးစည်းကာ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တွန်းလှန် တိုက်ခိုက် ခဲ့ကြခြင်း
များသည် တိုင်းရင်းသား အပေါင်း၏ ထင်ရှားသော သမိုင်း ၀ိသေသ များပင် ဖြစ်သည်။
ကံမကောင်း အကြောင်းမလှ၍ တိုင်းတစ်ပါးသား
များ၏ ဖိနှိပ်ခံ ဘ၀ဖြင့် နှစ်ပေါင်း တစ်ရာကျော်ကြာ ကျွန်သက်ရှည် ၍ ရင့်သက် ရှင်သန်သော
မြန်မာတို့၏ သိပ္ပံ နှင့် နည်းပညာ ဆိုင်ရာပိုင်း အားနည်း စေခဲ့သည့် အပြင် တိုင်းရင်းသား
အချင်းချင်း သူစိမ်းဆန် ခဲ့ကြသည်။ လူမျိုးရေး ပဋိပက္ခများ ၊ လက်နက်ကိုင် ပဋိပက္ခ များကြောင့်
ပြည်တွင်း စစ်ပွဲများ နှင့် အပြိုင် မြို့ရွာအနှံ့ မီးဟုန်းဟုန်း တောက်ပြီး သွေးချောင်းစီး
ခဲ့ရသည်။
မြန်မာ့ သမိုင်းတွင် လွတ်လပ်ရေး ရပြီး
ပြည်တွင်း ရောင်စုံ သောင်းကျန်းမှု ၊ နိုင်ငံရေး ပါတီ အကွဲအပြဲ နှင့် ပြည်ထောင်စု မှ
ခွဲထွက်မည့် အန္တရာယ်များ ၊ ၁၉၈၈ ခုနှစ် ၊ ဒီမိုကရေစီ အရေး တောင်းဆိုမှု များတွင် အချုပ်အခြာ
အာဏာ ထိပါး ယိမ်းယိုင် လာတော့မည့် အခြေအနေ များနှင့် ရင်ဆိုင် ခဲ့ရသည်။ တပ်မတော်သည်
နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကို ထိန်းသိမ်း တာဝန်ယူ ခဲ့ရသည့် အခြေအနေ များကို ပြန်လည်
လေ့လာ ရမည် ဆိုပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရပင် ဖြစ်စေ ၊ နိုင်ငံ၏ အရေးအရာ အတွက်
တာဝန်ရှိသော အဖွဲ့အစည်း များ၏ ကျင့်ဝတ် အရဖြစ်စေ ၊ နိုင်ငံအတွင်း ဖွဲ့စည်း ထားအပ်သော
တပ်မတော် တိုင်းသည် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွား နှင့် နိုင်ငံတော်၏
အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး အတွက် တာဝန်ယူ ဆောင်ရွက် ရစမြဲ ဖြစ်သည်ကို တွေ့ရမည်
ဖြစ်ပါသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော် အစိုးရသည်
အဘက်ဘက်မှ ယိုယွင်း လာခဲ့သော နိုင်ငံကို ပြန်လည် ထူထောင် တည်ဆောက်ရင်း ခေတ်အဆက်ဆက်
တွေ့ကြုံ ဖြတ်သန်း ခဲ့ရသော နိုင်ငံ သမိုင်း၏ ကောင်းမွေ ၊ ဆိုးမွေ များကို သင်ခန်းစာ
ဖော်ထုတ် သုံးသပ်၍ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ် နေသော နိုင်ငံတကာ၏ အခြေအနေ များ ၊ လူမှုဘ၀ ပြောင်းလဲ
နေမှု များပေါ်တွင် အခြေတည်ကာ သမိုင်း၏ အမှန်ကန် ဆုံးသော နိုင်ငံတော် မူဝါဒ နှင့် ၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲကာ ပြည်သူ့၏ ဆန္ဒကို ခံယူပြီး ဒီမိုကရေစီ
အစိုးရသစ် လက်ထဲသို့ နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကို တည်ငြိမ် ချောမွေ့စွာ လွှဲပြောင်း
ပေးခဲ့သည်။
ယနေ့ နိုင်ငံတော် အစိုးရသည် ခေတ်မီ
ဖွံ့ဖြိုး တိုးတက်ပြီး စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီး ဖြစ်ထွန်း
လာစေရန် အတွက် ကဏ္ဍ ပေါင်းစုံမှ စိန်ခေါ်မှု များစွာကို ရင်ဆိုင် ကျော်ဖြတ် နေချိန် ဖြစ်ရာ
တည်ငြိမ် အေးချမ်းမှု မရှိသေးသော ကချင် ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ များကြောင့်
ဖြစ်ပွားလျက် ရှိသည့် စစ်ပွဲများ ၊ ထိုစစ်ပွဲများ အကြား နယ်ခြေခံ တိုင်းရင်းသား လူထု၏
ရတတ် မအေးဖွယ် ၊ ကြေကွဲ စို့နင့်ဖွယ် တွေ့ကြုံ ခံစား နေရမှုများ အပေါ် ကြီးမားသော မေတ္တာ
တရားဖြင့် တည်ငြိမ် အေးချမ်းမှု ရရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။
မည်သည့် နိုင်ငံတွင် မဆို နိုင်ငံအတွင်း
ပြည်တွင်းစစ် သက်ဆိုးရှည် နေသည်နှင့် အမျှ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှု အပိုင်းတွင်
များစွာ ဆုတ်ယုတ် စေပြီး စီးပွားရေး ၊ လူမှုရေး ၊ သိပ္ပံ နှင့် နည်းပညာ ၊ စည်းလုံး ညီညွတ်ရေး
တို့ကိုလည်း များစွာ အင်အား ချည့်နဲ့ စေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုသော် ပင်လုံကို သက်သေတည်၍
တိုင်းရင်းသား စည်းလုံး ညီညွတ်မှု နှင့် ချစ်ကြည် ရင်းနှီးမှု ကို ဆောင်ကြဉ်း ပေးသည့်
ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုး နိုင်ခဲ့သဖြင့် လွတ်လပ်ရေး ရရှိခဲ့ခြင်း ဖြစ်ပြီး
ရရှိပြီး လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး အတွက် ပြည်ထောင်စု သား အားလုံးက
စိန်ခေါ်မှု အပေါင်းကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့် " ချစ်သော ဤမြေ ဤရေကို သက်သေတည်၍
" ပြည်ထောင်စု ဟူသော ပြည်ထောင်စု လှေကြီးပေါ် လိုက်ပါလျက် " တက်အစုံဖွင့်
ရွက်အကုန်လွှင့် " လှော်ခတ်ရင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၏ တစ်ခုတည်းသော
နိုင်ငံတော် အလံအောက်ဝယ် အေးအတူ ပူအမျှ ၊ ဥမကွဲ သိုက်မပျက် ရာသက်ပန် ပူးပေါင်း နေထိုင်သွား
ကြပါစို့ဟု (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ဂုဏ်ပြု ရေးသား လိုက်ရပါသည်။
(အောင်မြတ်ကျော်)
No comments:
Post a Comment