www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 3, 2013

ရန်ကုန် - နေပြည်တော် အမြန်လမ်းမကြီး၌ လူသွားလမ်း နှင့် ဆိုင်ကယ်လမ်းများ သီးသန့် ဖောက်လုပ်မည်


ရန်ကုန် ၊ ၃-၂-၂၀၁၃

ရန်ကုန် - နေပြည်တော် အမြန်လမ်းမကြီး ၌ ယာဉ် မတော်တဆမှု များပြား လာသည့် အတွက် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိရာ အမြန် လမ်းမကြီး နှင့် အနီးတ၀ိုက် ရှိ ကျေးရွာများမှ တိရစ္ဆာန် များ ၊ လူများ ၊ ဆိုင်ကယ်များ ဖြတ်သန်း အသုံးပြု နေခြင်းနှင့် အမြန်ယာဉ် ယာဉ်မောင်းများ အရှိန်ပြင်းစွာ မောင်းနှင် ခြင်းကြောင့် မလိုလား အပ်သည့် ဖြစ်စဉ်များ ဖြစ်ပွားလျက် ရှိသည့် အတွက် အမြန် လမ်းမကြီး ပေါ်၌ လူသွားလမ်း နှင့် ဆိုင်ကယ် လမ်းများ သီးသန့် ဖောက်လုပ် ပေးရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ယာဉ်ဟောင်း များအား ကီလို ၁၀၀ သာ မောင်းနှင်ရန် ကန့်သတ် ထားသော်လည်း ကီလို ၁၄၀ - ၁၆၀ အထိ မောင်းနှင် မှုကြောင့် ယာဉ်အန္တရာယ် ဖြစ်ပေါ် နေကြောင်း ၊ ထိုသို့ မောင်းနှင်မှု များကြောင့် ယာဉ် မတော်တဆမှု များဖြစ်ပေါ် နေကြောင်း ၊ ယာဉ်မောင်းများ သတ်မှတ် စည်းမျဉ်း စည်းကမ်း များ လိုက်နာရန် လိုအပ်ကြောင်း ၊ လမ်းဝဲယာ အနီးရှိ ကျေးရွာများမှ ပြည်သူများ အနေဖြင့် လည်း အရှိန်မြင့် မောင်းနှင် နေသည့် အဝေးပြေး လမ်းမကြီး ပေါ်သို့ မိမိတို့ ကိုယ်တိုင် နှင့် တိရစ္ဆာန် များအား ထိန်းသိမ်း ရန် လိုအပ်ကြောင်း သတိပေး နိုးဆော်ချက် များ ထုတ်ပြန် ထားကြောင်း သိရသည်။

ယခုအခါ အမြန် လမ်းမကြီး၌ ကွပ်ကဲမှုရုံး ၁၃ ရုံး ၊ ရဲစခန်း ၁၄ ခု ၊ ရဲကင်း ၄၀ ခုဖြင့် လုံခြုံရေးများ တိုးချဲ့ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger