www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 3, 2013

မွေးမြူထုတ်လုပ်ရေးဆိုင်ရာ ဒီပလိုမာဘွဲ့ ၂၀၁၃ ခုနှစ်တွင် စတင်ပေးတော့မည်


ရန်ကုန် ၊ ၃-၂-၂၀၁၃

မွေးမြူထုတ်လုပ်ရေး ဆိုင်ရာ ဒီပလိုမာကို ယခုနှစ် မှ စတင် ပေးတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် မှ သိရသည်။ ယင်း ဒီပလိုမာ ဘွဲ့သင်တန်းကို နေပြည်တော်ရှိ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် ၌ သင်တန်းသား ၂၀၀ ဦး နှင့် ရန်ကုန်မြို့ ရှိ လေ့ကျင့်ရေး နှင့် ပညာပေးရေး ဌာန ၊ မွေး / ကု ဦးစီးဌာန၌ သင်တန်းသား ၂၀၀ ဦးလက်ခံကာ ရက်သတ္တပတ် ၃၈ ပတ်ကြာ သင်ကြား ပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မွေးမြူထုတ်လုပ်ရေး ဒီပလိုမာဘွဲ့ သင်ရိုးညွှန်းတမ်း တွင် ကြက်မွေးမြူ ထုတ်လုပ်ရေး ပညာ ၊ စာမြုံ့ပြန် တိရစ္ဆာန် ထုတ်လုပ်ရေး ပညာ ၊ ၀က်မွေးမြူ ထုတ်လုပ်ရေး ပညာ ၊ စားကျက် ထိန်းသိမ်းခြင်း ပညာရပ် ၊ အာဟာရ ဗေဒ ပညာရပ် ၊ ပျားမွေးမြူ ထုတ်လုပ်မှု ပညာရပ် ၊ တိရစ္ဆာန် ကျန်းမာရေး နှင့် ငါးရောဂါ ကာကွယ်ရေး ပညာရပ် တို့ကို သင်ကြား ပို့ချ ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို သင်တန်းကို တစ်လလျှင် စာတွေ့ ရက်သတ္တပတ် ၂ ပတ် နှင့် လက်တွေ့ (ကွင်းဆင်း လေ့လာမှု) ရက်သတ္တပတ် ၂ ပတ်ဖြင့် သင်ကြား ပို့ချ ပေးကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger