www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2013

ပြည်ပနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများ အလုပ်လုပ် နိုင်တော့မည်

ပြည်ပနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများ အလုပ်လုပ် နိုင်တော့မည် ဇန်န၀ါရီလ(၁၁)ရက်နေ့ ပြည်ပနိုင်ငံများတွင် တက္ကသိုလ် ကျောင်းသားများ အချိန်ပိုင်း အလုပ်လုပ်နိုင် သကဲ့သို့ မြန်မာနိုင်ငံတွင် လည်း ကျောင်းသားများ အချိန်ပိုင်း အလုပ်လုပ်၍ ၀င်ငွေ ရရှိစေရန် အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင် ပေးသွားမည် ဖြစ်ကြောင်း Home Multi Media Group မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ၄င်းက စင်ကာပူမှာဆိုရင် တက္ကသိုလ် ကျောင်းသားများ အချိန်ပိုင်း အလုပ်လုပ် ရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အချိန်ပိုင်း အလုပ်လုပ်ရတဲ့ နေရာ တစ်နေရာမှ မရှိဘူး၊ အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ မီဒီယာမှာ အချိန်ပိုင်း လာလုပ်ဖို့ အစီအစဉ် ဆွဲနေတယ်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူလေး တွေ အချိန်ပိုင်း လုပ်ဆောင် နိုင်အောင်လို့ပါ၊ သတင်းပဲ လိုက်မလား၊ Marking ပဲ ဆင်းမလား၊ ဒါမှလည်း သူတို့တွေ ၀င်ငွေ ရရှိမှာပါ ဟု ပြောကြားခဲ့သည်။ Home Multi Media Group ကို တည်ထောင်သူ မှာ ဒေါ်ကေခိုင်အောင်ခင် ဖြစ်ပြီး ၄င်းက Home Multi Media Group တွင် အချိန်ပိုင်း အလုပ်လုပ် လိုသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များ အနေဖြင့် လာရောက် အလုပ်လုပ် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger