www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2013

ရန်ကုန် စီးပွားရေး ဇုန်ကြီး နှစ်ဇုန်အား မင်းဓမ္မလမ်းနှင့် ရှစ်မိုင် လမ်းဆုံတွင် ထူထောင်မည်

ရန်ကုန် စီးပွားရေး ဇုန်ကြီး နှစ်ဇုန်အား မင်းဓမ္မလမ်းနှင့် ရှစ်မိုင် လမ်းဆုံတွင် ထူထောင်မည် ဇန်န၀ါရီလ(၁၁)ရက်နေ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့၏ စီးပွားရေးဇုန် အဖြစ် ပြုလုပ် ဆောင်ရွက်ရန် နေရာ နှစ်ခုကို သတ်မှတ် လျာထားပြီး ဖြစ်ရာ အဆိုပါ နေရာများမှာ ရှစ်မိုင်လမ်းဆုံ ရှိ မြိုင်ဟေ၀န် ပန်းခြံ၊ မင်းဓမ္မလမ်းရှိ MCC ခန်းမနှင့် ၀ိတိုရိယ ဆေးရုံ အနီးရှိ မြေလွတ် နေရာများတွင် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ရန်ကုန်မြို့တော် ဘက်စုံ တိုးတက် ဖွံ့ဖြိုးရေး အတွက် ဂျပန်နိုင်ငံ JICA အဖွဲ့အစည်းတို့ နှင့် ပူးပေါင်း၍ မဟာစီမံကိန်း ကိုလည်း ရေးဆွဲလျက် ရှိပြီး ရန်ကုန်မြို့တော် ၏ တိုးတက်လာ သည့် လူဦးရေနှင့် ကိုက်ညီမည့် မြေဧက ၄၀၀၀၀ ကိုလည်း ထပ်မံ တိုးချဲ့ သွားရန် စီစဉ် လျက်ရှိကြောင်း၊ ယခုလက်ရှိတွင် ဆောင်ရွက်မည့် စီးပွားရေး ဇုန်များမှာ အဆင့်မြင့် ရုပ်ရှင်ရုံများ၊ အဆင့်မြင့် ဟိုတယ်များ၊ ကားပါကင်များ၊ စီးပွားရေး အဆောက် အအုံများနှင့် ကုမ္ပဏီ ရုံခန်းတို့ ဖြစ်ပြီး အဆိုပါ စီးပွားရေး ဇုန်များအား သတ်မှတ် ဆောင်ရွက်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒီဇိုင်း ရေးဆွဲလျက် ရှိရာ နောက်ပိုင်းတွင် လုပ်ငန်း ဆောင်ရွက်ရန် အတွက် လုပ်ငန်းရှင်များ အား တင်ဒါ ခေါ်ယူ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger