www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 31, 2017

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (Shan) ရုံးခန်းသစ်ဖွင့်ပွဲနှင့် သတ္တမအကြိမ်အစည်းအဝေးပြုလုပ်


ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကျောက်ပန်းချီကားချပ်အား အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် 
တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင်ထံပေးအပ်စဉ်။

ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)သတ္တမအကြိမ်အစည်းအဝေး ကျင်းပစဉ်။

နေပြည်တော် ၃၁-၅-၂၀၁၇

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (Shan) ရုံးခန်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ခိုလမ်မြို့ရှိ အဆိုပါရုံးခန်း၌ ပြုလုပ်ရာပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဥက္ကဋ္ဌ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (Shan) ရုံးခန်းသစ် ဆိုင်းဘုတ်အား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ JMC-U အဖွဲ့ဝင်များ ကအမွှေးနံ့သာရည် များပက်ဖျန်းပြီး တိုင်းမှူးထံသို့ အမှတ်တရကျောက်ပန်းချီ ကားချပ်အား ပေးအပ်သည်။

ထို့နောက် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) သတ္တမအကြိမ် အစည်းအဝေးကို ပြုလုပ်ရာ တိုင်းမှူးနှင့် ဒုတိယဥက္ကဋ္ဌများက နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြား ကြသည်။

ဆက်လက်၍ JMC-S အဖွဲ့ဝင်များက ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawdaydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger