www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 30, 2017

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံ (ဒုတိယ အစည်းအဝေး) အောင်မြင်စွာ ကျင်းပပြီးစီး


ပြည်ထောင်စြုငိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စြုငိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားစဉ်။

နေပြည်တော် ၃၀-၅-၂၀၁၇

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2 )၌ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကျေးဇူး တင်စကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ အစုအဖွဲ့ အသီးသီးမှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ လေ့လာသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။

ညီလာခံတွင် ဦးဆောင်သဘာပတိအဖြစ် ဖြားတန်ခွန်ဥက္ကာက ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ခွန်သိန်းဖေနှင့် ဦးဉာဏ်ဝင်းတို့က ဆောင်ရွက် ကြသည်။

သဘာပတိ ဖြားတန်ခွန်ဥက္ကာက ဦးစွာအဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် ကဏ္ဍအလိုက် မူဝါဒသဘော တူညီချက်များကို တင်သွင်းကြရာ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးခင်ဇော်ဦးက နိုင်ငံရေး ကဏ္ဍဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် စောမြရာဇာလင်းက စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် ဦးနိုင်ငံလင်းက လူမှုရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးအောင်စိုးက မြေယာနှင့်သဘာဝ ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း တင်သွင်းကြသည်။

ထို့နောက် အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးနိုင်ဆွေဦး၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ခင်သိန်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ် ပဒိုမန်းငြိမ်းမောင်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် ဦးသိန်းထွန်း တို့က ကဏ္ဍအလိုက် တင်သွင်းသည့်အချက် ၃၇ ချက်ကို ထောက်ခံဆွေးနွေးကြသည်။

ယင်းနောက် သဘာပတိ ဖြားတန်ခွန်ဥက္ကာက ကဏ္ဍအလိုက် တင်ပြလာသော မူဝါဒအဆိုပြုချက်များ ဖြစ်သည့် နိုင်ငံရေးကဏ္ဍ မူဝါဒအဆိုပြုချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒအဆိုပြုချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ အဆိုပြုချက် လေးချက် ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒအဆိုပြုချက် ၁ဝ ချက် စုစုပေါင်း ၃၇ ချက်အပေါ် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ထောက်ခံကြောင်း တင်ပြပြီးဖြစ်သဖြင့် ကဏ္ဍအလိုက် မူဝါဒအဆိုပြုချက် အားလုံးကို တပေါင်းတစည်းတည်း အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)မှ အတည်ပြုထားသော သဘောတူညီချက် ၃၇ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်မှတ်ရေးထိုး ကြသည်။

(သဘောတူညီချက် ၃၇ ချက၊် အစုအဖွဲ့ ကိုယ်စားလှယ်များ၏ လက်မှတ်များ၊ အသိသက်သေများ လက်မှတ်များကို စာမျက်နှာ(၈) တွင် သီးခြားဖော်ပြထားပါသည်။)ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger