www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 31, 2017

လေဘေးဒဏ်သင့် မွေတော်ကက္ကူဘုရား အရံစေတီတော်များ ပြုပြင်ရန် အလှူရှင်များ ဆက်သွယ်လှူဒါန်းနိုင်



နေပြည်တော် ၃၁-၅-၂၀၁၇

လေဘေးဒဏ်သင့်မွေတော် ကက္ကူဘုရားတွင် အရံစေတီတော်များ ပြုပြင်ရန်အတွက် မူလအလှူရှင်များ ဆက်သွယ်လှူဒါန်း ပေးကြရန်နှင့် မူလအလှူရှင် မရှိသော အရံစေတီအဆူ ၅ဝအတွက် ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ မေ၂၉ရက် သတင်းများအရ သိရသည်။

မွေတော်ကက္ကူ ဘုရားများသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးမြို့နယ်ခွဲ ကက္ကူရွာတွင်တည်ရှိသည်။ ယခုအခါ မွေတော်ကက္ကူ ဘုရားဝင်းအတွင်း အသောက ဆုတောင်း ပြည့်စေတီတော်ကြီး ဖောင်တော်ဆိုက် စေတီတော်ကြီးနှင့် အရံစေတီဘုရားပေါင်း ၂၄၈၇ ဆူရှိသည်။ ၂ဝ၁၆ခုနှစ်ဧပြီ ၂၂ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ကက္ကူရွာအပါအဝင် မွေတော်ကက္ကူ ဘုရားဝင်းအတွင်းရှိ အသောက ဆုတောင်းပြည့် စေတီတော်ကြီး ဖောင်တော်ဆိုက် စေတီတော်ကြီးနှင့် အရံစေတီဘုရားများအပြင် ပညောင်ပင်ကြီးများ ပြိုလဲခဲ့သဖြင့် ဘုရားပရိဝုဏ်ပါ ပျက်စီးခဲ့ရသည်။

ထို့ပြင် ထိခိုက်ပျက်စီးသွားသော စေတီများအားပြန်လည် ပြုပြင်ရာတွင် မူလအလှူရှင်များနှင့် ကုသိုလ်ရှင်များက ပါဝင်လှူဒါန်းလိုပါက လွယ်ကူစွာ လှူဒါန်းနိုင်ရန် အတွက်ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး)တွင် အလှူငွေလက်ခံဌာနများဖွင့် လှစ်ကောက်ခံလျက်ရှိသည်။

လှူဒါန်းလိုပါက ဖုန်း-ဝ၈၁-၂ဝဝ၂၆ဝ၊ ဝ၉-၅၂၁ဝ၃၈၇၊ ဝ၆၇-၄ဝ၈ဝ၄ဝ၊ ဝ၂-၆ဝဝ၅၉၊ ဝ၈၁-၂၁၂၁၁၅၇။ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger