www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 29, 2017

မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ လုံခြုံရေးမြှင့်တင်နိုင်ရန် အတွက်ယခုလအတွင်း CCTV Camera ၄၈ လုံး အပြီးတပ်ဆင်မည်



မန္တလေး ၂၉-၅-၂၀၁၇

မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ လုံခြုံရေးမြှင့်တင် နိုင်ရန်အတွက် ယခုလအတွင်း CCTV Camera ၄၈လုံး အပြီးတပ်ဆင်သွားမည် ဖြစ်ကြောင်း မဟာမုနိ ဘုရားကြီးဂေါပကအဖွဲ့မှတာဝန်ရှိ သူတစ်ဦးက ပြောပြသည်။

ယခင်က ဘုရားကြီးပရိဝုဏ် အတွင်း၌ CCTV camera ၂၈ လုံးရှိပြီး လုံခြုံမှုပိုမိုကောင်းမွန်စေ ရန်အတွက် CCTV Camera ၄၈လုံးကို ဘုရားကြီး၏ လူသွား လူလာများပြားသော အဓိကကျသည့် နေရာများတွင် တပ်ဆင်သွားမည်ဖြစ်ပြီး CCTV Control room တွင်လည်း ဘုရားကြီးဂေါပကအဖွဲ့နှင့် လုံခြုံရေးများအမြဲစောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။

''အခုလိုမျိုး တပ်ဆင်ထားတာ ဘုရားရဲ့ ပရိဝုဏ်အတွင်းမှာခါးပိုက် နှိုက်မှုတွေ၊ အမြင်မတော်တာတွေစတဲ့ ပြဿနာတစ်စုံတစ်ခုမှ မဖြစ်ရအောင်ဆိုပြီး တပ်ဆင်တာဖြစ်ပါတယ်။ အရင်က CCTV၂၈လုံးပဲ ရှိပါတယ်။ အခု ၄၈လုံးက Digital တွေဖြစ်ပါတယ်။ အဟောင်း ၂၈လုံး တပ်ဆင်ထားတဲ့ နေရာတွေကိုတော့ အသစ်လဲလှယ်တပ်ဆင်မှာပါ။ အဟောင်း ရှစ်လုံးကိုလဲ လိုအပ်တဲ့ နေရာတွေမှာ တပ်ဆင်သွားဖို့ရှိပါတယ်''ဟု ၎င်းကပြောပြသည်။

မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ CCTV camera တပ်ဆင်ခြင်းကို ဘုရား၏ရန်ပုံငွေကျပ် သိန်း ၆ဝဝ ဖြင့် အကုန်အကျခံ တပ်ဆင်ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိအချိန်တွင် ဘုရားကြီး၌ လုံခြုံရေးအင်အား ဦးရေ ၅ဝ ရှိပြီးလုံခြုံရေးဝန်ထမ်းများ ထပ်မံခန့်အပ်သွားရန် ရှိကြောင်း သိရသည်။

မဟာမုနိဘုရားကြီးသို့ နှစ်စဉ်နှစ်တိုင်း လာရောက်ဖူးမြော် ကြသည့် ပြည်တွင်းခရီးသွားများနှင့် နိုင်ငံခြားသား ဧည့်သည်များသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း၊ ယခုလက်ရှိ အချိန်တွင် ဘုရားကြီးသို့ နေ့စဉ်လာရောက်ဖူးမြော် ကြသည့် ပြည်တွင်း ခရီးသွားဦးရေ ၄ဝဝဝဝခန့်ရှိပြီး ပြည်ပခရီးသွားဦးရေ ၈ဝခန့်ရှိကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger