www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

WATER BUS အထူးအစီအစဉ် များအနက် တွံတေး ခရီးစဉ်တွင် ခရီးသည် အနည်းဆုံး ၁ဝဝ ကျော်ရ

Water Bus အထူးအစီအစဉ် များအနက် တွံတေး ခရီးစဉ်တွင် ခရီးသည် အနည်းဆုံး ၁ဝဝ ကျော်ရ
-
ရန်ကုန် ဖေဖော်ဝါရီ ၁၉ 
-
Yangon Water Bus ၏ အထူးအစီအစဉ်များအနက် တွံတေးမြို့နယ်သို့ ဘုရားဖူးအလည်အပတ် ခရီးစဉ်တွင် လိုက်ပါသူ ခရီးသည်များပြားကာ ခရီးစဉ်တစ်ခုလျှင် အနည်းဆုံးခရီးသည် ၁ဝဝ ကျော်လိုက်ပါကြကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက်မှ သိရသည်။ 
-
''တွံတေးခရီးစဉ်မှာ ခရီးသည် ၁၅ဝ ကနေ ၁၈ဝ လောက်အထိ လိုက်ပါတတ်ပါတယ်။ ခရီးသည်တွေအတွက် နေ့လယ်စာ ထမင်းဘူး၊ အသက်အာမခံ၊ ကော်ဖီနဲ့ ရေသန့်အပြင် တွံတေး ရောက်တဲ့အခါ သွားလာ လည်ပတ်ဖို့ပါ စီစဉ်ပေးပါတယ်။ စီးနင်းတဲ့ ခရီးသည် တွေထဲမှာ ပြည်တွင်းရော ပြည်ပ ဧည့်သည်တွေပါ ပါဝင်ပါတယ်'' ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
-
အဆိုပါ ခရီးစဉ်ကို ၂ဝ၁၈ ခုနှစ် မတ်လ မှစ၍ အခါကြီးရက်ကြီး ရုံးပိတ်ရက်များနှင့် စနေ၊ တနင်္ဂနွေရုံးပိတ်ရက် တို့တွင် ပြေးဆွဲပေးခြင်း ဖြစ်သည်။ ''စနေ၊ တနင်္ဂနွေအပတ်တိုင်းတော့မဟုတ်ဘူး။ ဒီတစ်ပတ်မှာတွံတေးခရီးစဉ်ကို ပြေးဆွဲရင် နောက်တစ်ပတ်မှာ ကျောက်တန်း ရေလယ်ဘုရား ခရီးစဉ်ကို ပြေးဆွဲပါတယ်။ တစ်လှည့်စီပြေးဆွဲပေးတဲ့သဘောပါ။ကျောက်တန်းခရီးစဉ်ထက် တွံတေးခရီးစဉ်ကိုလိုက်ပါတဲ့သူများတာ တွေ့ရပါတယ်'' ဟု ၄င်းက ပြောသည်။ 
-
တွံတေး ခရီးစဉ်အတွက် ခရီးသည် တစ်ဦးလျှင် ငွေကျပ် ၇ဝဝဝ ကောက်ခံပြီး ရွှေဆံတော်ဘုရား၊ တွံတေးမြို့ရှိ ရိုးရာမြေအိုး လုပ်ငန်းနှင့် ရက်ကန်းရုံများသို့ ပို့ဆောင်ပေးသည်။ တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက်မှ စနေ၊တနင်္ဂနွေ အပါအဝင် အစိုးရ ရုံးပိတ်ရက်များ၏ ညနေပိုင်းတွင် ရန်ကုန်မြစ်ဝအထိ သွားရောက်ကြည့်ရှုရန် ပို့ဆောင်ပေးသော မြစ်တွင်း အပျော်စီး ခရီးစဉ်ကိုလည်း ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။ -
ထက်ခိုင်(စမ်းချောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger