www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဆဋ္ဌမ အကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဆဋ္ဌမ အကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
-
ရန်ကုန် ဖေဖော်ဝါရီ ၁၉ 
-
ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မြို့မရပ်ကွက် ဦးထောင်ဘိုလမ်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဓမ္မာရုံ၌ ရဲဓမ္မာရုံကြီးကြပ်မှု ကော်မတီမှ ဦးစီး၍ ဆဋ္ဌမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ကျင်းပသည်။ 
-
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ခေမာသီဝံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာထံမှ အခမ်းအနား တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သည်။ 
-
ထို့နောက် အမှတ် (၂) လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ဝမ်းမြောက်စကား လျှောက်ထားပြီး ဆရာတော်ဓမ္မစာရက ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားပင့်ဆောင်ပေးသည်။ ယင်းနောက် ခေမာသီဝံကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ အခမ်းအနားသို့ တက်ရောက် လာကြသော ဧည့်သည်တော်များအား ထမင်း၊ ဟင်းနှင့်အချိုပွဲများဖြင့် ဧည့်ခံကျွေးမွေးသည်။ 
-
အခမ်းအနားသို့ အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို နှင့်ဇနီး ဒေါ်အိအိထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဒုတိယတိုင်း တပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းမင်းသိန်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။ 
-
ရန်ကင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger