www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

မိုးမိတ် မြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

မိုးမိတ် မြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော် ဖေဖော်ဝါရီ ၁၉ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် ည ၆ နာရီခန့်တွင် မိုင်းနင်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာနှင့် ပတ်ဝန်းကျင် နေရာတစ်ဝိုက်၌ စုပုံထားသော တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ၃၇ တန်ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger