www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

နိုင်ငံခြားဆေးဝါးများ လိုင်စင်မရှိဘဲ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး

နိုင်ငံခြားဆေးဝါးများ လိုင်စင်မရှိဘဲ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး
-
ဇီးကုန်း ဖေဖော်ဝါရီ ၁၉ 
-
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ ကုန်စုံဆိုင်၊ မုန့်ဆိုင်နှင့်စတိုးဆိုင်များတွင်နိုင်ငံခြားဆေးဝါးများ လိုင်စင်မရှိဘဲ ရောင်းချခြင်းမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။ 
-
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ မုန့်ဆိုင်များနှင့် စတိုးဆိုင်များသို့ သွားရောက်၍ နိုင်ငံခြား ဆေးဝါးများ ရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်း စစ်ဆေးကြသည်။ 
-
ထို့ပြင် စားသောက်ကုန်နှင့် မုန့်ဆိုင်များတွင်လည်း ထုပ်ပိုးမှုစနစ်တွင် ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများကို မြန်မာဘာသာဖြင့် ရိုက်နှိပ်ဖော်ပြထားရန်နှင့် ဖော်ပြထားသောစားသောက်ကုန်များကိုသာ ရောင်းချကြရန် ဟောပြောပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။ 
-
တင့်ဆွေ(ဇီးကုန်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger