www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

ကွတ်ခိုင် မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူအား ဖမ်းဆီးရမိ

ကွတ်ခိုင် မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူအား ဖမ်းဆီးရမိ
-
နေပြည်တော် ဖေဖော်ဝါရီ ၁၉ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် ည ၆ နာရီ မိနစ် ၂ဝ ခန့် တွင် ကွတ်ခိုင်မြို့၏ အရှေ့တောင်ဘက် မီတာ ၄ဝဝဝ ခန့်အကွာရှိ နောင်ဖျက် ကျေးရွာအဝင် လမ်းမပေါ်၌ ယာဉ်ဝင်/ထွက်မှုများအား သတင်းအရ စောင့်ဆိုင်း စစ်ဆေးနေစဉ် နောင်ဖျက်ကျေးရွာမှ ကွတ်ခိုင်မြို့ဘက်သို့ လျှိုကျိန်နိမ့်(ဘ)ဦးလျှိုတယ်ရှိုး မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈ဝဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၇ဝ ခန့်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများအား ကွတ်ခိုင်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger