www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 11, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေမိုင်နှစ်ဖက် ညှိနှိုင်း လှည့်ကင်း ဆောင်ရွက်

-
နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ 
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၆) ပြင်ဖြူနယ်မြေရုံးမှ ရဲမှူးမြင့်အောင် ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက် ရေးရေယာဉ် အမှတ်(ဝဝ၅)ပါနှစ်စင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် Taknaf ကင်းစခန်းမှ  Subedar Md. Yousuf  Ali ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် စက်တပ်ရေယာဉ်နှစ်စင်း စုစုပေါင်း လေးစင်းတို့သည် ယမန်နေ့နံနက်ပိုင်းက ရေမိုင်အမှတ်(၅)အနီး ကညင်ချောင်း ချောင်းဝထိပ်မှလှည့်ကင်း ဆောင်ရွက်ခဲ့ရာ ရေမိုင်အမှတ်(၆)အနီး ပြင်ဖြူချောင်းဝထိပ်သို့ရောက်ရှိခဲ့ပြီးနှစ်ဖက်ညှိနှိုင်းကင်းလှည့်သည့်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
ရဲပြန်ကြား
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger