www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 11, 2019

အမျိုးသားစာဆိုတော်ကြီး မင်းသုဝဏ်၏ နှစ် (၁၁ဝ) ပြည့်မွေးနေ့ အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့် ''သူတို့မြင်သော မင်းသုဝဏ်'' စာအုပ်မိတ်ဆက် အခမ်းအနား ကျင်းပ

အမျိုးသားစာဆိုတော်ကြီး မင်းသုဝဏ်၏ နှစ် (၁၁ဝ) ပြည့်မွေးနေ့ အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့် ''သူတို့မြင်သော မင်းသုဝဏ်'' စာအုပ်မိတ်ဆက် အခမ်းအနား ကျင်းပ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁ဝ 
-
အမျိုးသားစာဆိုတော်ကြီးမင်းသုဝဏ်၏ နှစ်(၁၁ဝ)ပြည့် မွေးနေ့အထိမ်းအမှတ်စာပေဟောပြောပွဲနှင့် ''သူတို့မြင်သော မင်းသုဝဏ်''စာအုပ်မိတ်ဆက်အခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင်ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းသစ်နှင့် ဆရာစံ လမ်းထောင့်ရှိ Cooperative Business Center ၌ ကျင်းပသည်။ ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားစာဆိုတော်ကြီး မင်းသုဝဏ်၏ နှစ်(၁၁ဝ) ပြည့် မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် ပေးပို့သည့် သဝဏ်လွှာကို ပရိုဂျက်တာဖြင့် ပြသသည်။ 
-
ထို့နောက်ဆရာကြီးမင်းသုဝဏ်၏ နှစ်(၁၁ဝ)ပြည့်မွေးနေ့အတွက် တေးရေးနှလုံးသားက ရေးစပ်သီကုံးပြီး ဂီတမှူး သျှန်ထွန်း(မြန်မာစာ) ကတည်းဖြတ်သည့် ''ကမ္ဘာတည်မည့် စာဆို မင်းသုဝဏ်''သီချင်း၊ ''အိုဘယ့်စာဆိုရှင်'' သီချင်းတို့ဖြင့် ဂုဏ်ပြုဖျော်ဖြေသည်။ ယင်းနောက် ဆရာကြီးမ င်းသုဝဏ်၏ ဒုတိယမြောက်သားဖြစ်သူ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော်က အမှတ်တရ ဂုဏ်ပြုစကားကိုပြောကြားသည်။ ထို့နောက် ဆရာကြီးမင်းသုဝဏ်၏ ဘဝပုံရိပ်လွှာများအား စုစည်းတင်ဆက်ပြသသည်။ 
-
ယင်းနောက် ဆရာကြီးမင်းသုဝဏ်၏ နှစ်(၁၁ဝ)ပြည့်   မွေးနေ့အားဂုဏ်ပြုသည့် အနေဖြင့် ဆရာကြီး ဦးခင်အေး (ခေါ်) ဆရာ မောင်ခင်မင်(ဓနုဖြူ)၊ ဆရာကြီး ဦးမြဝင်း (ဒဿန)၊ ဆရာကြီး ဦးအောင်မြင့်ဦး၊ ဆရာကြီး ဦးညီမင်းညိုတို့က  ဂုဏ်ပြုစကားပြောကြားသည်။ ဆက်လက်၍ ဆရာကြီးမင်းသုဝဏ်အား ဂုဏ်ပြုသည့်အနေဖြင့် ဗြောသံ(ကပွဲ)၊ ကလေးကဗျာသီဆိုခြင်း၊  ကျေးဇူးမေ့ ဒုက္ခတွေ့သူများ တေးဂီတအော်ပရာ၊ ကဗျာရွတ်သရုပ်ဖော်ခြင်းတို့အပြင် တေးသံရှင် ရဲထိုက်၊ မြို့ရွှေမန်းသား ဖိုးချစ် ဦးဆောင်သည့် အနုပညာအဖွဲ့တို့က တေးသီချင်းများ၊ သရုပ်ဖော်မှုများဖြင့် ဂုဏ်ပြု ဖျော်ဖြေတင်ဆက်ကြသည်။
-
အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊  ရန်ကုန် မြို့တော်ဝန်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ ဆရာကြီးမင်းသုဝဏ်၏မိသားစုဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။ အဆိုပါ အမျိုးသား စာဆိုတော်ကြီး မင်းသုဝဏ်၏ နှစ်(၁၁ဝ)ပြည့်မွေးနေ့ အခမ်းအနားတွင် ''သူတို့မြင်သော မင်းသုဝဏ်'' စာအုပ်ကို မိတ်ဆက်ဖြန့်ချိ ပေးခဲ့ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger