www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 7, 2019

လားဟူ တိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲ ကျင်းပ

လားဟူ တိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲ ကျင်းပ
-
လားရှိုး  ဖေဖော်ဝါရီ  ၆ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် နမ္မဗောဒကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက လားရှိုးမြို့နယ်၊ မိုင်းရယ်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ရှိ လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊လားဟူတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူး ပွဲတော် ကျင်းပကြောင်း သိရသည်။ 
-
ရှေးဦးစွာ လားရှိုးမြို့နယ် လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးယောသပ်က ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားကာ လားဟူတိုင်းရင်းသား ရိုးရာနှစ်သစ်ကူး ဖြစ်ပေါ်လာပုံနှင့် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို ပြောကြားသည်။ 
-
ထို့နောက် လားဟူတိုင်းရင်းသား၊ တိုင်းရင်းသူများက လားဟူတိုင်းရင်းသား ရိုးရာများဖြစ်သည့် ပန်းပေါက်ခြင်း၊ ဂျင်ပေါက်ခြင်း၊ဒိုးပစ်ခြင်း၊ ခေါပုတ်ထောင်းခြင်း၊ မြေဝိုင်းအကနှင့်ရိုးရာအကများဖြင့် ပြသကြရာတက်ရောက်လာကြ သူများက စိတ်ဝင်တစား အားပေးကြည့်ရှုကြပြီး တက်ရောက်လာသော လားဟူဘိုးဘွားများအား ရေဆေးကန်တော့ခြင်းများဆောင်ရွက်ကြကာ နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးအတွက်ပါဝင်ကူညီပေးကြသူများအား တာဝန်ရှိသူ များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။ 
-
ယင်းနောက်  လားရှိုးမြို့နယ်  လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဒေါ်လီဘိုက ကျေးဇူးတင်စကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့် စုပေါင်း၍ ပျော်ရွှင်စွာရိုးရာ အကများဖြင့် ကပြကြသည်။ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးယောသပ်၊ လားရှိုးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့ထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသားများ၊တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒေသခံလားဟူတိုင်းရင်းသားများ တက်ရောက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger