www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 8, 2019

မြန်မာ့ ရေပိုင်နက် အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် စက်လှေတစ်စင်း ဖမ်းဆီးရမိ

မြန်မာ့ ရေပိုင်နက် အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် စက်လှေတစ်စင်း ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၇ 
-
မြန်မာ့ရေပိုင်နက် အတွင်း တရားမဝင်ငါးဖမ်းမှုများ၊ ဖြတ်သန်းသွားလာမှုများမရှိစေ ရေးအတွက် တပ်မတော်မှ စစ်ရေယာဉ်များ ဖြင့် နေ့၊ ညမပြတ်လုံခြုံရေးဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီ ၆ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့၏အနောက်ဘက် ၁၁၈မိုင်ခန့်အကွာတွင် မသင်္ကာဖွယ်ရာ စက်လှေ တစ်စင်းအား တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးခဲ့သည်။
-
ထိုသို့စစ်ဆေးစဉ် မြန်မာ့ရေပိုင်နက် အတွင်း တရားမဝင်  ဝင်ရောက်ငါးဖမ်းနေသည့် အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား ၂၃ ဦးပါဝင်သော အလျား ၆၂ ပေ၊ အနံ ၁၈ ပေ၊ ရေစူး ၇ ပေခန့်အရွယ် KM  TROYA အမည်ရှိ စက်လှေ တစ်စင်းအား ဖမ်းဆီး ရမိခဲ့သည်။ ဖမ်းဆီး ရမိသူများနှင့် ငါးဖမ်းစက်လှေ တို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေးသက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger