-
နေပြည်တော် ဖေဖော်ဝါရီ ၇
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကတ်တောင်ကျေးရွာအုပ်စု၊ ပါစမ်ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသ ရေး အဖွဲ့ကအဆိုပါကျေးရွာ ရွာဦးကျောင်း တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၈၃ ဦးနှင့် ဒေသခံပြည်သူ ၁ဝ၃ ဦးတို့ကို ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။
-
ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသအားဖူးမြော်ကာ ဝတ္ထုငွေ နှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment