-
နေပြည်တော် ဖေဖော်ဝါရီ ၇
-
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂါယ်လောင်း ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါ ကျေးရွာ ကျောင်းဟောင်းဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ၁၉၆ ဦးတို့ကို သွေးတိုးရောဂါ၊ အရိုး/အကြော ရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment