-
နေပြည်တော် ဖေဖော်ဝါရီ ၇
-
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လေးမိုင်စံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအားယနေ့တွင်အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့ကအဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ ဆောင်ရွက် ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၇၆ဦးတို့ကို သွားနှင့် ခံတွင်း ရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြော ရောဂါ၊ အရေပြားရောဂါ၊ ကလေး ရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment