www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 11, 2019

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုတွင် ဇန်နဝါရီလကုန်အထိ နွေစပါးဧက ၃၉ဝဝဝ ကျော် စိုက်ပျိုးပြီးစီး

-
မုံရွာ  ဖေဖော်ဝါရီ  ၁ဝ 
-
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် နွေစပါးစိုက်ရာသီတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတွင် နွေစပါးများကို စိုက်ပျိုး လျက်ရှိရာ ဇန်နဝါရီလကုန်တွင် ၃၉၇၂၁ ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းစစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။ 
-
ယခုစိုက်ပျိုးပြီးစီးသော ကသာ၊ စစ်ကိုင်း၊ ယင်းမာပင်၊ ခန္တီး၊ ကလေး၊ တမူးနှင့် မော်လိုက်ခရိုင် တို့သည် နွေစပါးကို မြေအောက်ရေ၊ လျှပ်စစ်မြစ်ရေတင်၊ ချောင်းပိတ်၊ မြောင်းပိတ်စနစ်ဖြင့်စိုက်ပျိုးခဲ့ကြပြီးဆည်ရေသောက်စနစ်ကိုအဓိက ထားစိုက်ပျိုးသော ရွှေဘိုခရိုင်တွင် ယခုအခါ နွေစပါး စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင်ခြင်း၊ ထွန်ရေး၊ ထယ်ရေးပြင် ဆင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
-
နွေစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် မော်လိုက်ခရိုင်အတွင်းရှိမော်လိုက်မြို့နယ်၌၁၁၇၂ဧက၊ ဖောင်းပြင်မြို့နယ်၌ ၄၃၁၂ ဧက စုစုပေါင်း ၅၄၈၄ ဧကကိုလည်းကောင်း၊ ကလေးခရိုင်အတွင်းရှိ မင်းကင်းမြို့နယ်၌ ၄၂၃ ဧက ကိုလည်းကောင်း၊ ခန္တီးခရိုင် အတွင်းရှိ ခန္တီးမြို့ နယ်၌ ၂၈ ဧက၊ ဟုမ္မလင်းမြို့နယ်၌ ၇၄၅၂ဧက စုစုပေါင်း ဧက ၇၄၈ဝ ကိုလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ကနီမြို့နယ်အတွင်း၌ ၂၄၉ ဧကကိုလည်းကောင်း၊ စစ်ကိုင်းခရိုင် အတွင်းရှိ  စစ်ကိုင်းမြို့နယ်၌ ၁၁၂၂ ဧက၊ မြင်းမူမြို့နယ်၌ ၄၄၉ ဧက၊ မြောင်မြို့နယ်၌ ၁၄ဝ၂ ဧက စုစုပေါင်း၂၉၇၃ ဧက ကိုလည်းကောင်း၊ ကသာခရိုင် အတွင်းရှိကသာမြို့နယ်၌ ၈၆၆၆ ဧက၊ အင်းတော်မြို့နယ်၌ ၂၉၁ ဧက၊ ထီးချိုင့်မြို့နယ်၌ ၈၆၁၅ ဧက၊ ဗန်းမောက် မြို့နယ်၌  ၁၆၆ ဧက၊ ကောလင်းမြို့နယ်၌ ၃၈၈၃ ဧက၊ ဝန်းသိုမြို့နယ်၌ ၁၁၂၆ ဧက၊ ပင်လည်ဘူးမြို့နယ် ၌  ဧက  ၃၆ဝ စုစုပေါင်း ၂၃၁ဝ၇ ဧကကိုလည်းကောင်း၊ တမူးခရိုင်အတွင်းရှိ တမူးမြို့နယ်၌ ငါးဧကကိုလည်း ကောင်း စသည့်ခရိုင် ခုနစ်ခု၌ နွေစပါးစုစုပေါင်း  ၃၉၇၂၁ ဧကကို စိုက်ပျိုး ပြီးစီးခဲ့ပြီဖြစ်သည်။
-
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် နွေစပါး စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နွေစပါး စိုက်ပျိုးရန်ဧက ၃၇၅ဝဝဝ လျာထားခဲ့ရာ ယခုနှစ် ဇန်နဝါရီလကုန်အထိ ၃၉၇၂၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့်၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နွေစပါး စိုက်ရာသီ ၂ဝ၁၈ခုနှစ် ဇန်နဝါရီလကုန်တွင် နွေစပါး ၄၃၁၃၆ ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger