www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 11, 2019

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် လွယ်ကူစွာ လုပ်ဆောင်နိုင်မည့် PAYMENT စနစ်တစ်ခု စီစဉ်

-
ရန်ကုန် ဖေဖော်ဝါရီ  ၁ဝ 
-
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှအများ ပြည်သူငွေပေးချေမှုနှင့် ဆက်စပ်သည့် လုပ်ငန်းများလုပ်ဆောင်ရာတွင်  အဆင်ပြေစေရေးအတွက်Paymentစနစ်တစ်ခုကိုစီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ် ထံမှ သိရသည်။ '' Payment  စနစ်နဲ့ ပတ်သက်လို့ လုပ်စရာ ရှိတာတွေလုပ်နေပါတယ်။   ဒီနှစ်ထဲမှာ ရှင်းလင်းပွဲ တစ်ခုလုပ်ပါမယ်။ မြန်မာ နိုင်ငံမှာ မိုဘိုင်းလ်ဖုန်းနဲ့ လွယ်လွယ်ကူကူ ငွေပေးချေ လို့ရမယ့် စနစ်တစ်ခုကို ဒီနှစ်ထဲ မိတ်ဆက်မှာပါ'' ဟု ဦးဘိုဘိုငယ်က ပြောသည်။ 
-
အဆိုပါစနစ် လုပ်ဆောင်နိုင်ရန်ဘဏ်များ၊ နိုင်ငံတကာမှ Payment စနစ်များ၊ Mobile Network  အော်ပရေတာ များနှင့်  လစဉ်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ လက်ရှိတွင် အဆိုပါစနစ်နှင့် ပတ်သက်၍စည်းမျဉ်းများ ရေးဆွဲနေပြီး မကြာမီ  မိတ်ဆက် ပေးမည်ဖြစ်သည်။ အဆိုပါ စနစ်ကို စတင် လုပ်ဆောင်နိုင်ပါက ပြည်သူလူထု အတွက်  များစွာ အဆင်ပြေစေရန် မျှော်မှန်းထားသည်။ 
-
မြန်မာနိုင်ငံ၌ Red  Dot လုပ်ငန်း ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း နှင့်ပတ်သက်၍ ဈေးကွက် အတွင်း မိုဘိုင်းလ် ငွေကြေးကဏ္ဍ၏ တည်ငြိမ်မှုနှင့်ကိုယ်စားလှယ်များဖြင့်လုပ်ကိုင်လည်ပတ်လျက်ရှိသည့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများအပေါ် စိုးရိမ်ပူပန်မှုများ ရှိကြောင်း ဦးဘိုဘိုငယ် ကပြောသည်။ 
-
သို့ရာတွင် Red Dot လုပ်ငန်းသည် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လိုင်စင်ရယူထားခြင်း မဟုတ်သကဲ့သို့ ဘဏ်လုပ်ငန်း ငွရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း တစ်ခုလည်းမဟုတ်ဘဲ သာမန် Service ကို လက်လီ ရောင်းသော လုပ်ငန်းတစ်ခုသာဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger