www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 7, 2019

ငါးနှစ်တာ ကာလအတွင်း ရန်ကုန်မြို့လယ်ကို ပြုပြင်ထိန်းသိမ်းရန် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော်ရှိလာ

ငါးနှစ်တာ ကာလအတွင်း ရန်ကုန်မြို့လယ်ကို ပြုပြင်ထိန်းသိမ်းရန် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ  သန်း  ၃ဝဝ ကျော်ရှိလာ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၆   
-
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT)ကို စတင်ဖွဲ့စည်းခဲ့သော ပြီးခဲ့သည့် ငါးနှစ်ခန့်ကစ၍  ယနေ့အချိန်ထိ ရန်ကုန်မြို့လယ်ရှိ  မြို့ပြအမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းရန် အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ကျော် ရင်းနှီးမြှုပ်နှံမှုများ ရှိလာကြောင်း YHT တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 
-
အဆိုပါကာလအတွင်း ရန်ကုန်မြို့၏သမိုင်းဝင်အမွေအနှစ် အဆောက်အအုံများကို ဖြိုဖျက်မှုအားလုံးနီးပါး ရပ်တန့်နိုင်ခဲ့ပြီး ရန်ကုန်မြို့လယ်ကို ပြုပြင်ထိန်းသိမ်းရန် ရင်းနှီးမြှုပ်နှံမှုများလည်း ရှိလာကာ YHT အဖွဲ့အနေဖြင့်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်း ၁ဝဝ ကျော်ကို နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးနိုင်ခဲ့ကြောင်း သိရသည်။ ''ပုဂ္ဂလိကပိုင်းက စီမံကိန်းတွေပါ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတယ်။  အဓိကကတော့ ဟိုတယ်ပိုင်းတွေက ပိုများတယ်''ဟု ၎င်းက ပြောသည်။ 
-
လက်ရှိလိုအပ်နေသည်မှာ မကြာသေးမီက ရင်းနှီးမြှုပ်နှံထားမှုများကို အသုံးချကာ ပိုမိုခြုံငုံမိသော မျှော်မှန်းချက်တစ်ခုဆီသို့ ရှေ့ဆက်ရန်ဖြစ်ပြီး မြို့လယ်ရှိ လူသွားလျှောက်လမ်းများကို ပြန်လည်တိုးချဲ့ကာပိုမိုကောင်းမွန်အောင် ပြုပြင်ရန် မျှော်လင့် ထားကြောင်း၊ ထို့ပြင် ယာဉ်ရပ်နားရန် နေရာများ လျှော့ချခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ဆူညံမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
-
ယခုအခါ   ရန်ကုန်မြို့လယ်ဧရိယာသည် အာရှ၏  ထိပ်တန်း လည်ပတ်စရာ နေရာတစ်ခုဖြစ်လာနိုင်ပြီး အလုပ်အကိုင် ထောင်ပေါင်းများစွာဖန်တီးပေးနိုင်သကဲ့သို့ မြို့ခံများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ အတွက်လည်း အခွင့်အလမ်းသစ်များ ယူဆောင်ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို   အဓိက ဖော်ဆောင်ပေးရာ နေရာတစ်ခုဖြစ်လာနိုင်ပြီး ဖန်တီးမှုအခြေပြု လုပ်ငန်းများနှင့်တခြားလုပ်ငန်းများ၏  ဗဟိုချက်လည်း  ဖြစ်လာနိုင်မည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger