www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်

လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၉ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦး စေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကိုယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီးရှိ သုခမင်္ဂလာ ဆင်းရွှေလီ သာသနာ့ဗိမာန်တော်၌ ပြုလုပ်ရာနိုင်ငံတော်သြဝါဒါစရိယမဟာဗောဓါရုံကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တနာရဒ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဗောဓါရုံ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးသံဃာတော်များအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အလှည့်ကျ သံဃာတော်များက ပဋ္ဌာန်းဒေသနာတော်အား ရွတ်ဖတ်ပူဇော်ကြပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို အဆိုပါစေတီတော်မြတ်ကြီး၌ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်းသတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger