www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 10, 2019

သက်တမ်းတိုး ယာဉ်အားလုံး ယာဉ်နံပါတ်ပြားတွင် လုံခြုံရေး အဆင့်မြင့် QR CODE များ ပြုလုပ်ပေး

-
ရန်ကုန်  ဇန်နဝါရီ  ၉ 
-
သက်တမ်းတိုး လာရောက်ပြုလုပ်သည့် ယာဉ်အားလုံး၏ ယာဉ်နံပါတ်ပြားတွင် လုံခြုံ ရေးအဆင့်မြင့် QR Codeများ ပြုလုပ်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးလျန်ကျင့်မန်ထံမှ သိရသည်။ 
-
လိုင်စင်မဲ့မော်တော်ယာဉ်များ၊ယာဉ်မောင်းလိုင်စင်အတုများ၊ Owner Book ၊ ဝှီးတက်နှင့် မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြားများကို အတုပြုလုပ်၍ ရောင်းချနေမှုများ ရှိသောကြောင့် လုံခြုံရေး အဆင့်မြင့် QR Code များ တပ်ဆင်ပေးခြင်းဖြစ်သည်။ ''ယာဉ်နံပါတ်ပြားတွေကို အတုအပပြုလုပ်လို့ မရအောင် လုံခြုံရေး အဆင့်မြှင့်တဲ့အနေနဲ့ သက်တမ်းတိုးယာဉ်တွေ အားလုံးကို  QR Code တပ်ဆင်တာတွေလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်''  ဟု  ဦးလျန်ကျင့်မန် ကပြော သည်။ 
-
QR Code များကို ဇန်နဝါရီ ၁ ရက်က ယာဉ်နံပါတ်ပြား အက္ခရာ 4Q/ ----မှစ၍ တပ်ဆင်ပြုလုပ်ပေးလျက်ရှိရာ အသစ်ထပ်မံ တင်သွင်းလာသော ယာဉ်များနှင့် နှစ်စဉ် ယာဉ်သက်တမ်းတိုးလာရောက်ပြုလုပ်သည့် ယာဉ်များကို လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger